Powered by Blogger.

Xbox Live Gaming ၀န်ဆောင်မှု မှာ ပြသနာ အချို့ဖြစ်ပေါ်နေ




Microsoft က ထုတ်လုပ်တဲ့ Xbox အမျိုးအစားဂိမ်းတွေရဲ့ Xbox One နဲ့ Xbox 360 တို့အတွက် Live Gaming ၀န်ဆောင်မှု ဟာ ပြသနာ အနည်းငယ်ဖြစ်ပေါ်နေပြီး ဂိမ်းကစားသူတွေ အနေနဲ့ အွန်လိုင်းမှာ လူအများနဲ့ ချိတ်ဆက်ဆော့ရတဲ့ Multiplayer ကဏ္ဍ ကို ၀င်ရောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ထို ပြသနာ ဟာ Call of Duty: Advanced Warfare လို Multiplayer ဂိမ်းတွေ ကို ပျက်စီးသွားစေခဲ့ပြီး ဂိမ်းဆော့တဲ့သူတွေ ကိုလည်း ဖေ့စ်ဘွတ် မှာ ပြန်လည်ဝေမျှ လို့ မရအောင်တားဆီးနေပါတယ်။

ဒါတင်မကသေးပဲ Slacker Radio နဲ့ Xbox Fitness app တွေမှာလည်း ပြသနာ တစ်ချို့ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Microsoft ဟာ Core Login ၀န်ဆောင်မှုကို ထိခိုက်ခဲ့တဲ့ ပြသနာတွေကိုတော့ ဖြေရှင်းပြီးဖြစ်ပေမယ့် အခုတစ်ကြိမ် ဖြစ်ပေါ်နေတဲ့ ပြသနာတွေကို တော့ သတိပေးထားသလို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း ကုမ္မဏီ က ဆိုပါတယ်။

အခုတစ်ကြိမ် Microsoft ရဲ့ Xbox Live Gaming ၀န်ဆောင်မှု မှာ ဘာကြောင့် ပြသနာ တက်လည်းဆိုတာကို အတိအကျ မသိရသေးပေမယ့် အရင် အကြိမ်တွေတုန်းကတော့ Hacker တွေရဲ့ တိုက်ခိုက်မှု ကို ခံခဲ့ရ ဖူးပါတယ်။

၂၀၁၄ ခုနှစ် ခရစ္စမတ်နေ့နဲ့ ဖေဖော်ဝါရီ လတွေမှာ တုန်းကလည်း Lizard Squad လို့ခေါ်တဲ့ Hacker အဖွဲ့တစ်ဖွဲ့ဟာ ရေပန်းစားနေတဲ့ ဂိမ်း ၀န်ဆောင်မှုတွေကို တိုက်ခိုက်ဖျက်ဆီး ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်လို့ အခိုင်အမာ သတ်မှတ်ခံခဲ့ရဖူးပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment