Powered by Blogger.

ဗြိတိန်မှာ Porn တွေ အွန်လိုင်းမှာ ကြည့်ရှုဖို့အတွက် အသက်ပြည့်ကြောင်း ID ပြရမည်




ဗြိတိန်နိုင်ငံသားတွေအနေနဲ့ ညစ်ညမ်းရုပ်ရှင်(Porn) တွေကို အွန်လိုင်းမှာ ကြည့်ရှုဖို့အတွက် အသက် အပိုင်းအခြားကို စစ်မှန်ကြောင်းပြသရန် မျက်နှာ အချက်အလက် စစ်ဆေးမှုတွေ ပြုလုပ်ရတော့မယ်လို့ သိရပါတယ်။

ထို စနစ်ကို အရွယ်ရော်ပြီးသူများကြည့်ရှုရတဲ့ ညစ်ညမ်းရုပ်ရှင် ဖျော်ဖြေရေး နယ်ပယ်မှ စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ထိုစနစ်အရ ညစ်ညမ်းရုပ်ရှင် ၀က်ဘ်ဆိုက် တစ်ခုကို ၀င်ကြည့်လိုပါက Mobile Operator ၊ Banks ၊ Credit Ratings Agencies နဲ့ NHS တို့လို ယုံကြည်ရမယ့် အဖွဲ့အစည်းတစ်ခုခုရဲ့ ID ကိုပြသပြီး အသက်ပြည့်တာ စစ်မှန်ကြောင်း ပြသရမှာဖြစ်ပါတယ်။

အဲဒီလို လုပ်ရတဲ့အကြောင်းအရင်းကတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အရွယ်ရောက်ပြီးသူများသာ ကြည့်ရှုရတဲ့ ညစ်ညမ်းရုပ်ရှင် တွေကို ကြည့်ရှုနေခြင်းမှ ကာကွယ် ဖို့အတွက် ဖြစ်ပါတယ်။

"လက်ရှိမှာ အွန်လိုင်းအခြေအနေအရ အရွယ်ရောက်ပြီးသူတွေ ကြည့်ရတဲ့ Content တွေဟာ RedTube နဲ့ Pornhub တို့လို tube ဆိုက်တွေမှာ အခမဲ့ကြည့်လို့ရနေပါတယ်။ ဒါကြောင့် ကလေးငယ်တွေနဲ့ ငယ်ရွယ်သူတွေဟာ အသက် ၁၈ နှစ်အထက်ကြည့်ရတဲ့ Content တွေကို အလွယ်တကူ ကြည့်လို့ ရနိုင်နေပါတယ်။" လို့ အွန်လိုင်းတွင် ကလေးများ လုံခြုံရေး ကျွမ်းကျင်သူ ဒေါက်တာ Rachel O'Connell ကဆိုပါတယ်။

ထိုကဲ့သို့ အသက်အရွယ် ကို စစ်ဆေးခြင်းနဲ့ ကလေးတွေရဲ့ adult content တွေကို သုံးစွဲ ၀င်ရောက်နေမှုကို ကန့်သတ် နိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒစ်ဂျစ်တယ် ရဲ မဟာမိတ် အဖွဲ့ကလည်း အသက်အရွယ်စစ်ဆေးဖို့အတွက် တစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသားမူဝါဒ တစ်ခုကနေ ဥပဒေ တစ်ခု ကိုရေးဆွဲဖို့ ကြိုးစားနေကြပါတယ်။ အခုလို အသက်အရွယ် စစ်ဆေးခြင်း ကို ဆောင်ရွက်လိုက်ခြင်းဟာ Porn တွေသာမကပဲ ဆေးလိပ် ၊ လျှပ်စစ်ဆေးလိပ် ၊ အရက်နဲ့ အခြား အသက်မပြည့်သေးသူများ မသုံးရတဲ့ အရာတွေကို ပါ အရွယ်မရောက်သေးသူများ မသုံးစွဲနိုင်စေရန် ကန့်သတ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။

( Mario )

Ref : Mario

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment