Powered by Blogger.

အမေရိကမှာ ZenFone2 ကို ဈေးသက်သာစွာနဲ့ စတင် ရောင်းချ




ASUS ကုမ္မဏီ ရဲ့ Chairman ဖြစ်တဲ့ Jonney Shih ဟာ နယူးယော့ခ်မြို့မှာ မိတ်ဆက်ပွဲတစ်ခု ပြုလုပ်ပြီး အမေရိကမှာ ကုမ္မဏီရဲ့ ထုတ်ကုန် အသစ် စမတ်ဖုန်းဖြစ်တဲ့ ZenFone 2 ကို စတင်ရောင်းချတော့မယ်ဆိုတာကိုကြေညာခဲ့ပါတယ်။

ZenFone 2 ရဲ့ ထူးခြားချက်ကတော့ ဈေးသက်သာတာပါပဲ။ သူ့ရဲ့ ဈေးနှုန်းဟာ ၂၉၉ ဒေါ်လာသာ ရှိမှာဖြစ်ပြီး Contract မပါတဲ့ ၀ယ်ယူမှုတွေ အတွက်ဆိုရင် ၁၉၉ ဒေါ်လာ သာ ကျသင့်မှာ ဖြစ်ပါတယ်။

ZenFone 2 မှာတော့ Intel ရဲ့ 2.3GHz quad-core Z3580 chipset ကို processor အဖြစ် အသုံးပြုထားပြီး အတွင်း သိုလှောင်ပမာဏ 64 GB နဲ့ 4GB ရှိတဲ့ dual-channel RAM တို့လည်းပါဝင်မှာဖြစ်ပါတယ်။ အခုလို နည်းပညာ မြင့် စမတ်ဖုန်းတွေမှာ Intel ရဲ့ Chips တွေသုံးထားတာ မျိုး အရင်တုန်းကတော့ မတွေ့ခဲ့ဖူးပါဘူး။

1080p အထိကြည်လင်ပြတ်သားမှု ပေးနိုင်တဲ့ ၅.၅ လက်မ မျက်နှာပြင်ပေါ်မှာတော့ LTE Cat4 ကို ထောက်ပံ့ပေးတဲ့ cellular radio ကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

ကင်မရာကလည်း 13 Megapixels ရှိတဲ့ ကင်မရာမှာ ASUS ရဲ့ ဓါတ်ပုံပညာ လှည့်ကွက်တွေလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ZenFone 2 ဟာ အမေရိကမှာတော့ မေလ ၁၉ ရက်နေ့က စတင်ပြီး Amazon, B&H, Newegg နဲ့ Groupon တို့ကတစ်ဆင့်ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment