Amazon ဟာ ပြည်တွင်းအခွန်အခ အနည်းငယ်သာ ပေးဆောင်ခဲ့ရတဲ့အတွက် ဈေးဝယ်သူအချို့ မကျေနပ်
အွန်လိုင်း လက်လီ လက္ကား ဈေးရောင်းချတဲ့ ၀က်ဘ်ဆိုက်ဖြစ်တဲ့ Amazon ဟာ မနှစ်က ဗြိတိန်နိုင်ငံတွင်း စီးပွားရေးအတွက် အခွန်ငွေ စတာလင်ပေါင် ၁၁.၉ သန်း သာ ပေးဆောင်ခဲ့ရတဲ့အပေါ်မှာ Amazon က ဈေးဝယ်သူတွေက မကျေနပ်ကြပါဘူး။
ဘာကြောင့်လဲဆိုတော့ Amazon ဟာ ဗြိတိန် ဈေးဝယ်သူတွေထံကပဲ စတာလင်ပေါင်၅.၃ ဘီလီယံ အထိ ရောင်းချနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒါဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဈေးဝယ်သူတွေက ဆိုနေကြပါတယ်။ ထို သတင်းကိုတော့ Amazon ရဲ့ ဗြိတိန် စီးပွားရေး အကျိုးအမြတ်ဟာ မနှစ်က စတာလင်ပေါင် ၃၄.၄ သန်းထိ ရှိခဲ့ပြီး အခွန် အနေနဲ့ ကတော့ စတာလင်ပေါင် ၁၁.၉ သန်းသာ ပေးဆောင်ခဲ့ရတာဖြစ်ပါတယ်။
အမှန်တစ်ကယ်တော့ Amazon ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ ရောင်းအားမှာ ဗြိတိန် နိုင်ငံအတွက် ရောင်းအားဟာ ၉.၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
အွန်လိုင်း စီးပွားရေး ကုမ္မဏီတွေဟာ သူတို့ရဲ့ အကျိုးအမြတ်တွေကို တိုင်းတစ်ပါးကနေ ရယူစေပြီးပြည်တွင်း အခွန်ကို ရှောင်နေကြသလို ကုမ္မဏီကြီးတွေအတွက် ဗြိတိန်နိုင်ငံတွင်း အခွန်အခ ကို ရှောင်ရှားနိုင်ဖို့အတွက် Google Tax လို့ ခေါ်တဲ့ အခွန်အခ တစ်မျိုးလည်း ရှိနေသေးတယ်လို့ လွှတ်တော်အမတ် တစ်ယောက်ဖြစ်တဲ့ George Osborne က သုံးသပ်ပြောဆိုခဲ့ပါတယ်။
အခြား အွန်လိုင်းစီးပွားရေး ကုမ္မဏီ ကြီးတွေဖြစ်တဲ့ Apple ၊ Google နဲ့ Starbucks တို့ဟာလည်း ဥရောပ စီးပွားရေးအတွက် အခွန်ဆောင်ရာမှာ အနည်းငယ်သာ ကျသင့်ခဲ့တဲ့အတွက် ဝေဖန်ခံနေရပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Metro
0 comments:
Post a Comment