Powered by Blogger.

စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုရမယ့် ညဘက်သုံးကင်မရာ Flir One




သင်ဟာ အမှောင်ထဲက မြင်ကွင်းတွေကို မြင်ချင်စိတ်ရှိပေမယ့်လည်း Biohackers လို အရာမျိုးတွေကိုလည်း သုံးချင်စိတ်မရှိပြန်ပါဘူး။ ဒါဆိုရင်တော့ သင့်ရဲ့ စမတ်ဖုန်းနဲ့ တွဲဖက် အသုံးပြုဖို့ Flir One ဆိုတဲ့ နည်းပညာ ပစ္စည်းတစ်ခုကို လိုအပ်ပါလိမ့်မယ်။

ထို သေးငယ်တဲ့ ဖုန်း ရဲ့ ချိတ်ဆက်ပစ္စည်းလေးဟာ သင့်ရဲ့ဖုန်းအောက်ခြေမှာ တွဲဖက်ချိတ်ဆက်ပြီးတာ နဲ့ Infrared ကင်မရာတစ်လုံး အဖြစ်သို့ ပြောင်းလဲသွားကာ အမှောင်ထဲမှာရှိတဲ့ မြင်ကွင်းအားလုံးကို အပူချိန် အလိုက်ခွဲခြားပြတဲ့ ညကြည့်ကင်မရာ တစ်ခုအသွင် ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ထို ပစ္စည်းလေးဟာ ချိတ်ဆက်လို့ရနိုင်မယ့် app တစ်ခုနဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပြီး ထို အပူချိန်အလိုက်ခွဲခြားပြသပေးထားတဲ့ Infrared မြင်ကွင်းတွေကို ဓါတ်ပုံရိုက်ယူခြင်း ၊ ဗီဒီယို ရိုက်ကူးခြင်း များလည်း ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။

ထို ကင်မရာကတော့ သင့်ကို သင့်ရဲ့ အိမ်မှာ ရှိတဲ့ အရာဝထ္ထုတွေရဲ့ အပူ အအေး အနေအထားတွေကို ပြသနိုင်မှာ ဖြစ်သလို လျှပ်စစ်ချိတ်ဆက်မှု များပြားနေတာတွေကိုလည်း သတိပေး ပြသနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ သင့်ရဲ့ ခွေး ညဘက်မှာ ပျောက်ဆုံးသွားခဲ့ရင်လည်း အိမ်အပြင်ဘက်ကို လှမ်းကြည့်ပြီး သင့်ခွေး ရဲ့ ခန္ဓာကိုယ်အပူချိန်ကိုလေ့လာပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။ မျှမျှတတ သုံးစွဲမယ်ဆိုရင်တော့ ညဘက်အခါမှာ အိမ် အပြင်ဘက်ကို ကြည့်ရင်း အပူချိန်အရ ဘယ်သူတွေဘာတွေ လုပ်နေတယ်ဆိုတာကို နှောင့်ယှက်ခြင်းမရှိပဲ ကြည့်ရှု သင့်တဲ့ ညဘက်သုံး ကင်မရာ တစ်မျိုးပဲ ဖြစ်ပါတယ်။

Android နဲ့ iOS စနစ်သုံး စမတ်ဖုန်း အားလုံး နဲ့ ချိတ်ဆက်နိုင်မယ့် Flir One ကင်မရာ ( ဖုန်းနဲ့ချိတ်ဆက်အသုံးပြုရတဲ့ပစ္စည်း ) တစ်ခုကို စတာလင်ပေါင် ၁၆၀ သာ ကျသင့်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment