Powered by Blogger.

Apple ရဲ့ iMessage နဲ့ FaceTime app တွေ ဝေဖန်ခံနေရ




ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္မဏီကြီး ဖြစ်တဲ့ Apple ကို အဆိုတော် Taylor Swift က ဂီတ ၀န်ဆောင်မှုရဲ့ ငွေရေးကြေးရေး မူဝါဒ နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပြီးတဲ့နောက် အခြား ထုတ်လုပ်မှု တွေအတွက်လည်း ဝေဖန်ခံရပြန်ပါပြီ။

Apple ရဲ့ iMessage နဲ့ FaceTime app တွေဟာ သုံးစွဲရ အဆင်မပြေဖြစ်ခဲ့တဲ့အတွက် Apple ပရိတ်သတ်တွေဟာ Twitter က တစ်ဆင့် အမျိုးမျိုး ဝေဖန် ပြောဆိုလာကြပါတယ်။

သတင်းဖော်ပြချက်တွေအရတော့ iMessage ကတစ်ဆင့် ပေးပို့လိုက်တဲ့ မက်ဆေ့ဂ်ျ တွေဟာ ပို့လို့မရတောမျိုး (သို့) SMS အဖြစ် ပေးပို့သွားတာမျိုး တွေနဲ့ iMessage ၁ စောင်ပေးပို့လျှင် အစောင်ပေါင်းမြောက်များစွာ ရောက်ရှိသွားတာမျိုးစတဲ့ ပြသနာတွေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

တစ်ချို့သော Apple သုံးစွဲသူတွေကတော့ သူတို့ရဲ့ မက်ဆေ့ဂ်ျတွေဟာ ပေးပို့နိုင်ဖို့အတွက် အချိန် ကြာကြာ စောင့်ဆိုင်းနေရတယ်လို့ ဆိုကြပါတယ်။ သုံးစွဲသူအမြောက်အများဟာ Twitter ကို အသုံးပြုပြီး Appe ကို သူတို့ရဲ့ ပြသနာ တွေကို သိရှိစေခဲ့ပါတယ်။

နောက်ဆုံး အကြိမ်တုန်းကလည်း ၂၀၁၃ ခုနှစ်မှာ Apple ရဲ့ iMessage ဟာ ပြသနာ တက်ခဲ့ဖူးပါတယ်။ အဲဒါကတော့ ၃၀ ရာခိုင်နှုန်းသော ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေဟာ ထို ၀န်ဆောင်မှုကို အသုံးပြုလို့ မရခဲ့တာ ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment