ဓါတ်ပုံမျှဝေတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Instagram ဟာ သင်စိတ်ဝင်စားတဲ့ လူပုဂ္ဂိုလ်တွေ ၊ ဓါတ်ပုံတွေ နဲ့ ဗီဒီယို တွေကို ပိုမို လွယ်ကူစွာ ရှာဖွေနိုင်ဖို့အတွက် Search လုပ်ဆောင်ချက် အသစ်ကို အဆင့်မြှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။
အဓိက အဆင့်မြှင့်ခဲ့တဲ့ Search လုပ်ဆောင်ချက် အသစ်ကတော့ နေရာတွေ ရှာဖွေတာပဲ ဖြစ်ပြီး ထို လုပ်ဆောင်ချက်ကတော့ သင်ရှာဖွေလိုက်တဲ့အချိန်မှာ သင်ရှာဖွေလိုက်တဲ့နေရာကနေ ဘယ်သူဘာတွေ Post လုပ်နေတယ်ဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။
ဥပမာ သင့်အနေနဲ့ အားလပ်ရက် အပန်းဖြေခရီးထွက်ဖို့ ဘယ်သူတွေ အဲဒီနေရာမှ ရှိနေလဲဆိုတာကို သိနိုင်သွားမှာ ဖြစ်သလို ၊ သင်သွားကြည့်မယ့် ဂီတပွဲတော်မှာ ဘယ်သူတွေ ဘယ်လို ဖက်ရှင်မျိုးတွေ ၀တ်စားထားလဲ ဆိုတာကို သိနိုင်သွားမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ထို Search လုပ်ဆောင်ချက် အသစ်ကနေ သင်ရှာလိုတဲ့ လူပုဂ္ဂိုလ် ၊ နေရာ နဲ့ Hashtags တွေကိုပါရှာဖွေနိုင်မှာဖြစ်ပါတယ်။
ထို လုပ်ဆောင်ချက် အသစ်ကို Instagram က စမ်းသပ်နေခဲ့တာ ကြာပြီဖြစ်ပြီး အခုထပ်မံ ပြောင်းလဲလိုက်တဲ့ အဆင့်မြှင့်တင်မှုတွေကို အသုံးပြုချင်တယ်ဆိုရင်တော့ သင့်ရဲ့ Instagram app ကို ဗားရှင်း 7.0 ထိ upgrade ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Instagram က "Explore" ကဏ္ဍ မှာလည်း အသစ်တစ်ခုခုကိုဖန်တီးနိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒါကတော့ သင် Explore ကဏ္ဍ ကို ၀င်ရောက်တဲ့အခါမှာ Instagram ရဲ့ အယ်ဒီတာ အဖွဲ့က ရွေးချယ်ပေးထားတဲ့ Hashtags တွေ ၊ နေရာတွေ နဲ့ ဓါတ်ပုံတွေကို ပြသပေးမှာ ဖြစ်ပါတယ်။
Facebook ကုမ္မဏီက ပိုင်ဆိုင်တဲ့ Instagram app ဟာတစ်နေ့ကို ဓါတ်ပုံပေါင်း သန်း ၇၀ ကျော် upload ပြုလုပ်နေတယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment