Powered by Blogger.

Apple က WWDC မှာ iOS 9 ကို မိတ်ဆက်ပြသ




Apple ရဲ့ နှစ်စဉ်ပြုလုပ်နေကြ ကမ္ဘာတစ်ဝှမ်းလုံးက Developer တွေရဲ့ ညီလာခံ ( WWDC ) ပွဲတော်မှာပဲ သူတို့ရဲ့ မိုဘိုင်းလ် Operating စနစ် အသစ်  iOS 9 ကို မိတ်ဆက်ပြသခဲ့ပါတယ်။

ထို စနစ်သစ်ရဲ့ အဓိက အားသာချက်ကတော့ ဘက်ထရီ သက်တမ်းကြာရှည်အသုံးပြုနိုင်တာတဲ့ လုံခြုံရေး စနစ်တွေ တင်းကျပ်လိုက်တာပဲ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ HTC ရဲ့ One M7 နဲ့ ၂၀၁၄ မှာ Samsung ရဲ့ Galaxy S5 တို့ အသုံးပြုခဲ့ဖူးတဲ့ Ultra Power Saving Mode လို စနစ်မျိုး Apple ရဲ့ iOS 9 မှာပါဝင်လာပါတယ်။ iPhone သုံးစွဲသူတွေလည်း ဖုန်း ဘက်ထရီ ကုန်သည်အထိ ဖုန်းကို ဆက်သုံးနိုင်တော့မှာပါ။

နောက်ထပ် အားသာချက် တစ်ခုကလည်း Android တွေမှာ ပါဖူးတဲ့ စနစ်လိုပါပဲ။ Multi-tasking စနစ်လိုမျိုး app ၂ ခုကို တစ်ပြိုင်နက် အသုံးပြုတာမျိုးလည်း iOS 9 မှာ ပါဝင်လာပြန်ပါတယ်။ ဒါပေမယ့် ဒီ လုပ်ဆောင်ချက်ကို  iPad မှာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် iPad အသုံးပြုသူတွေဟာလည်း ဗီဒီယိုကြည့်ရင်း ၀က်ဘ်ဆိုက် သုံးတာမျိုး Multi-tasking အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အခြား လုပ်ဆောင်ချက် အသစ်တွေအဖြစ်လည်း မြေပုံ app ဟာ မူလပုံစံကနေ သိသိသာသာ ပြောင်းလဲသွားပါတယ်။ ဆန်းသစ်တဲ့ မြေပုံပြစနစ် ကိုလည်း ဖန်တီးထည့်သွင်းထားပြီး ဗီဒီိယိုတွေကြည့်တဲ့အခါမှာလည်း သေးငယ်တဲ့ ပြသမှုမျိုးကို ရွေးချယ်လို့ ရနိုင်သွားပါတယ်။

နောက်ပြီး personal assistant အဖြစ် အသုံးပြုရတဲ့ Siri app လည်းပါဝင်လာပါတယ်။ Siri ကို သင် ယာဉ်ကြောပိတ်ဆို့နေမှုတွေကို သတိပေးဖို့ သင်လိုချင်တဲ့ ဓါတ်ပုံတွေကို ရှာဖွေပေးဖို့တွေ အတွက် အသုံးပြုနိုင်မှာပါ။ ဒီ app ဟာလည်း Android မှာ ပါဝင်ဖူးတဲ့ Google Now နဲ့ ဆင်တူနေတာကိုတော့တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မိုဘိုင်းလ် ငွေပေးချေမှု ဆော့ဖ်ဝဲ တစ်ခုဖြစ်တဲ့ Apple Pay ကိုလည်း မနှစ်က အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာ အသုံးပြုခွင့် ရရှိထားရာကနေ ဗြိတိန်နိုင်ငံမှာ ပါ တိုးချဲ့လုပ်ဆောင်နေပြီဖြစ်တယ်လို့ Apple က ကြေညာခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment