Powered by Blogger.

အာကာသ ထဲမှာ အချိန်အကြာဆုံးနေထိုင်ဖူးတဲ့ အမျိုးသမီး အဖြစ် စံချိန်တင်ခဲ့သူ




ဥရောပ အာကာသ အေဂျင်စီ ရဲ့ အာကာသပညာရှင် Samantha Crisoforetti ဟာ အပြည်ပြည်ဆိုင်ရာ အာကသ စခန်း(International Space Station) မှာ ရက် ၂၀၀ တိတိ နေထိုင်ခဲ့ပြီးတဲ့နောက် သူမဟာ အာကာသ ထဲမှာ အချိန်အကြာဆုံးနေထိုင်ဖူးတဲ့ အမျိုးသမီး အဖြစ် စံချိန်တင်သွားခဲ့ပြီဖြစ်ပါတယ်။

Crisoforetti ဟာ ၂၀၀၇ ခုနှစ်တုန်းက အာကသထဲမှာ ၁၉၅ ရက်တိတိနေထိုင်ဖူးပြီး စံချိန်တင်ထားတဲ့ NASA ရဲ့ အာကာသပညာရှင် Sunita Williams  ထက်ပင် ၅ ရက်တိတိ ပိုပြီး အာကာသထဲမှာ နေထိုင်ခဲ့ပါတယ်။ သူမ ဟာ အာကာသထဲမှာ ရက်ပေါင်း ၂၀၀ တိတိ နေထိုင်ခဲ့ပြီးတဲ့နောက် ဇွန်လ ၁၁ ရက် ကြာသပတေးနေ့မှာ ကမ္ဘာမြေပေါ်ကို Soyuz အာကာသ ယာဉ်နဲ့အတူ ပြန်လည် ဆင်းသက်လာမှာဖြစ်ပါတယ်။

သူမဟာ အာကသထဲမှာ အခုလို အချိန်ကြာကြာနေခဲ့ရတာဟာ မထင်မှတ်ထားတဲ့ ပြသနာ ကြောင့်ပဲဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ Progress 59 resupply အာကာသယာဉ်ဟာ ကမ္ဘာ့ပတ်လမ်းထဲ ၀င်ရောက်ဖို့ ရှုံးနိမ့်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

သူမဟာ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်း မှာ ရှိနေတုန်းက ကမ္ဘာကြီးကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ၊ အာကာသ ယာဉ်ပေါ်က အတွေ့အကြုံ ဗီဒီယိုတွေ ကြောင့် လူမှုကွန်ရက်တွေမှာ နာမည်ကြီးလာခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့မှာတော့ သူမဟာ သူမရဲ့ လုပ်ဖော်ကိုင်ဖက် အာကာသ ပညာရှင်တွေဖြစ်ကြတဲ့ Terry Virts ၊ Anton Shkaplerov တို့နဲ့ အတူ ၃ နာရီခွဲကြာတဲ့ အာကာသ ခရီးစဉ်ကို ဖြတ်သန်းပြီး ကမ္ဘာမြေပေါ် ပြန်လည် ဆင်းသက်မှာ ဖြစ်ပါတယ်။

ဒီ အာကာသ ခရီးစဉ်ဟာ အမျိုးသမီး အာကာသပညာရှင်တစ်ယောက်အတွက် အကြာဆုံး ဖြစ်ခဲ့ရုံတင်မကပဲ အီတလီ လူမျိုးတစ်ယောက်အနေနဲ့ရော ဥရောပ အာကာသ အေဂျင်စီ အတွက် ပါ အရှည်ကြာဆုံး အာကာသ ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment