Blackberry က Android ဖုန်းထုတ်ဖို့စဉ်းစား
သင့်ဘက်က မနိုင်နိုင်ဘူးဆိုရင် ပူးပေါင်းလိုက်ပါဆိုတဲ့ ပြောစမှတ်ဟောင်းတစ်ခုရှိတာကို ကြားဖူးကြမှာပါ။ Reuters သတင်းတစ်ရပ်အရ မိုဘိုင်းဖုန်းလောကမှာ တစ်ချိန်က ဦးဆောင်ခဲ့တဲ့ Blackberry ဟာ Google ရဲ့ Android ကို အသုံးပြုပြီး စမတ်ဖုန်းတစ်လုံး ထုတ်လုပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
Android ဆိုတာကတော့ Samsung, Sony, LG စတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဖုန်းတွေနဲ့ တက်ဘလက်တွေမှာ အောင်မြင်နေတဲ့ OS တစ်ခုပါ။
ဤသတင်းထုတ်ပြန်မှုမှာ သတိပြုစရာကောင်းတဲ့ အချက်အလက်တချို့ကိုလည်း တွေ့ရှိရပါတယ်။ Blackberry ဟာ Google Play Store ရဲ့ ရယူသုံးစွဲခွင့်တွေကို ထည့်သွင်းပေးထားမယ် မပေးထားဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
Amazon ကထုတ်လုပ်တဲ့ ဖုန်းတွေနဲ့ တက်ဘလက်တွေဟာ Google ရဲ့ open-source ဖြစ်တဲ့ Android နဲ့တည်ဆောက်ထားတာဖြစ်ပေမယ့် Google လိုင်စင်အောက်မှာ ရှိမနေဘဲ Amazon Appstore က App တွေကိုသာ သုံးစွဲနိုင်သလိုမျိုးပါ။ ဒါဟာလည်း ကိုယ်ပိုင်လုံခြုံရေးစနစ်တွေ အတွက်ဖြစ်မယ် ထင်ပါတယ်။
၂၀၁၃ခုနှစ်မှာ Microsoft ရဲ့ Window ဖုန်းတွေပေါ်လာတဲ့အချိန်မှာ Blackberry ဟာ စတုတ္ထနေရာရောက်ခဲ့တဲ့အတွက် Blackberry ဟာ တော်တော်လေး ရုန်းကန်နေခဲ့ရပါတယ်။ Blackberry Android ဖုန်းကို ထုတ်လုပ်ပြီးရင်တော့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဇယားမှာ ပြန်လည် ရောက်ရှိလာနိုင်မယ်လို့ မျှော်မှန်းရပါတယ်။
( Skyler )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Yahoo!
0 comments:
Post a Comment