PS4 နဲ့ Xbox One တို့အတွက် Star Wars Battlefront နဲ့ FIFA 16 တို့ကို EA မိတ်ဆက်
ဂိမ်း ထုတ်လုပ်တဲ့ ကုမ္မဏီ တစ်ခုဖြစ်တဲ့ Electronic Arts (EA) က ပရိတ်သတ်တွေအတွက် ဘောလုံး ဂိမ်း အသစ်နဲ့ အလွန် ဝေးတဲ့ အာကာသထဲက ဖြစ်ရပ်တွေအကြောင်းဆော့ကစားရမယ့် ဂိမ်း တို့ကို E3 2015 စာနယ်ဇင်းရှင်းလင်းပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။
EA က ပြသခဲ့တဲ့ ဂိမ်း ၂ ခု ကတော့ Star Wars Battlefront နဲ့ FIFA 16 တို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် EA ကုမ္မဏီက ရုပဗေဒကို အခြေခံထားပြီး ပဟေဠိ ဆန်တဲ့ ဂိမ်း အသစ် တစ်ခုကို လည်း မိတ်ဆက်ခဲ့ပါသေးတယ်။ အဲဒီဂိမ်း နာမည်ကိုတော့ Unravel လို့ ခေါ်ပါတယ်။
Star Wars Battlefront အတွက် မိတ်ဆက်ပြသတဲ့ ဗီဒီယိုထဲမှာတော့ The Empire Strikes Back ထဲက ရေခဲ တိုက်ပွဲ အကြောင်းကို ပြသထားပါတယ်။
EA ရဲ့ ပြောကြားချက်အရတော့ ထိုဂိမ်းအတွက် Lucasfilm ကုမ္မဏီ နဲ့ ပူးပေါင်းတီထွင်ခဲ့တာ ဖြစ်ပြီး ဂိမ်းရဲ့ ရုပ်ထွက်အတွက် မော်ဒယ်လ် တွေကို မူလ ဇာတ်ရုပ်တွေကို ပဲ အသုံးပြုထားတယ်လို့ သိရပါတယ်။ Battlefront ဟာ Xbox One နဲ့ PS4 အတွက် နိုဝင်ဘာ ၁၇ ရက်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် EA ကုမ္မဏီက ၂၀၁၆ မှာ အသစ်ထွက်ရှိလာမယ့် ဂိမ်းတစ်ခုဖြစ်တဲ့ Mass Effect: Andromeda နဲ့ Mirror's Edge Catylyst တို့ကိုလည်း ထိုပွဲမှာ ပြသခဲ့ပါသေးတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment