အာကာသ ပညာရှင် ၃ ယောက်ဟာ ၆လခန့် အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာ နေထိုင်ပြီးတဲ့နောက် ကမ္ဘာမြေပေါ် အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Samantha Cristoforetti ၊ Terry Virts နဲ့ Anton Shkaplerov တို့ဟာ သူတို့ရဲ့ Soyuz အာကာသ ယာဉ်ငယ် နဲ့ အတူ ဇွန်လ ၁၁ ရက်မှာ ၃ နာရီကြာ ခရီးစဉ်တစ်ခုကို ဖြတ်သန်းပြီး ကမ္ဘာမြေပေါ်ပြန်လည် ဆင်းသက်လာကြတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အာကာသ ယာဉ်ငယ်ဟာ ကာဇက်စတန် နိုင်ငံ မှာ ဗြိတိန် အချိန် နေ့လည် ၃ နာရီ မှာ ဆင်းသက်ခဲ့ကြပါတယ်။
သူတို့ အဖွဲ့ဟာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ကတည်းက အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းသို့ ရောက်ရှိနေခဲ့ကြတာဖြစ်ပြီး ၆ လ တာ အချိန်ကာလ အတွင်းမှာ သူတို့ဟာ သုတေသနများပြုလုပ်ခြင်း ၊ ပြုပြင် ထိန်းသိမ်းရေးများ ၊ အာကာသ ထဲက ဘ၀မှတ်တမ်းတွေကို လူမှုကွန်ရက်တွေမှာ ဖော်ပြခြင်းစတဲ့ လုပ်ဆောင်ချက်တွေကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြပါတယ်။
သူတို့ အာကာသ စခန်းမှာ မထင်မှတ်ထားတဲ့ စိမ်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဇန်န၀ါရီလမှာလည်း အာကာသ ပညာရှင်အဖွဲ့ဟာ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်း ရဲ့ အပိုင်းတစ်ပိုင်းမှာ ဓါတ်ငွေ့ယိုစိမ့်မှု တွေဖြစ်ပေါ်ခဲ့တဲ့အတွက် ပြုပြင်ထိန်းသိမ်းခဲ့ရပါသေးတယ်။
ဧပြီလ တုန်းကလည်း လိုအပ်တဲ့ ထောက်ပံ့မှုတွေပေးပို့တဲ့ အာကာသ ယာဉ် Progress M-27M ဟာ အဓိက ပြသနာ တစ်ချို့ကို ကြုံခဲ့ရပြီး ကမ္ဘာ့လေထု ရဲ့ အပြင် မရောက်ခင်မှာ ပဲ ကမ္ဘာမြေပေါ် ပြန်လည် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
ထို အာကာသ ယာဉ် ပျက်စီးမှု ရဲ့ ပြသနာ အရင်းခံကို ရှာဖွေနေစဉ်အတွင်းမှာတော့ ထို အာကာသ ပညာရှင် ၃ ယောက် ဟာ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာ ပဲ ဆက်လက်စောင့်နေခဲ့ရတာဖြစ်ပါတယ်။
သူတို့ ၃ ယောက်ထဲက Sam Cristoforetti ကတော့ အာကာသ ထဲမှာ အချိန်အကြာဆုံးနေထိုင်ဖူးတဲ့ အမျိုးသမီး အဖြစ် ကမ္ဘာ့ စံချိန်တင်နိုင်ခဲ့ပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment