Powered by Blogger.

ရုပ်ရှင်ရုံ၊ အနှိပ်ထိုင်ခုံတွေနဲ့အတူ ဂျိမ်းစ်ဘွန်းစတိုင်နဲ့ မောင်းနှင်နိုင်မယ့် BMW 7 series




ကမ္ဘာ့နည်းပညာအမြင့်ဆုံး ကားလို့ပဲဆိုရပါမလား။ BMW ဟာ ရုပ်ရှင်ရုံ၊ အနှိပ်ထိုင်ခုံတွေနဲ့အတူ ဂျိမ်းစ်ဘွန်းစတိုင်နဲ့ မောင်နှင်နိုင်မယ့် BMW 7 Series ကို ထုတ်ကြွားခဲ့ပါပြီ။

BMW 7 ရဲ့ ကိုယ်ထည်ကို ကျစ်လစ်တဲ့ ကာဗွန်ဖိုင်ဘာနဲ့ ပြုလုပ်ထားပြီး ယခင် series တွေထက် ပေါင် ၁၉၀ အလေးချိန်လျှော့နိုင်ခဲ့ပါတယ်။ အားကောင်းလှတဲ့ V-8 အင်ဂျင်နဲ့အတူ မြင်းကောင်ရေအား ၄၄၅ ကို ထုတ်လုပ်ပါတယ်။ အလိုအလျောက်ထိန်းညှိပေးတဲ့ လေအေးပေးစက်၊ နှိပ်နယ်မှုလုပ်ဆောင်ချက်နဲ့အတူ စက်ခလုတ်နဲ့ ထိန်းညှိနိုင်တဲ့ ထိုင်ခုံတွေ၊ တို့ထိရုံနဲ့ ထိန်းချုပ်မှုတွေပြုလုပ်နိုင်မယ့် ၇လက်မအရွယ် tablet စတာတွေက အထူးအာရုံစိုက်မှုကို ဖြစ်ပေါ်စေပါတယ်။

ကားအတွင်း သီချင်းစနစ်ကို လက်ဝှေ့ယမ်းရုံဖြင့် အသံအတိုး၊အချဲ့ပြုလုပ်ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ ဖုန်းချခြင်း စတာတွေကို ပြုလုပ်နိုင်မယ့် Gesture system လည်းပါဝင်ပါတယ်။ ရီမုဒ်ကို အသုံးပြုပြီး ကားပါကင်လည်း ထိုးလို့ရနိုင်မှာပါ။ ၁၉၉၇ခုနှစ်ထုတ် Tomorrow Never Dies ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲကလိုပေါ့။

“နည်းပညာဆန်းသစ်မှု၊ ချိတ်ဆက်မှု နဲ့ သက်တောင့်သက်သာရှိမှု တို့ရဲ့ အချိုးကျမှုဟာ ကျွန်တော်တို့ ခေတ်သစ်ဇိမ်ခံကားတွေ ထုတ်လုပ်ရခြင်းရဲ့ မျှော်မှန်းချက်ပါပဲ။” လို့ BMW AG ရဲ့ စီမံခန့်ခွဲမှုဘုတ်အဖွဲ့ ဥက္ကဌ Harald Kruger ကပြောသွားခဲ့ပါတယ်။

( THN )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment