Powered by Blogger.

ရုရှားနိုင်ငံက Gay Pride ကိုဆန့်ကျင်တဲ့ ဓါတ်ပုံ app တစ်ခုကို ဖန်တီး




အမေရိကန်ပြည်ထောင်စုမှာ လိင်တူလက်ထပ်ခြင်းဟာ အခြေခံဥပဒေအရ ရသင့်တဲ့ အခွင့်အရေးဖြစ်တယ်လို့ ဆုံးဖြတ် ကြေညာခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့ Facebook လူမှုမီဒီယာ အကောင့်တွေဟာ Gay Pride အတွက် ဂုဏ်ပြုတဲ့အနေနဲ့ သက်တန့်ရောင်စုံ ပါတဲ့ Filter ကိုသုံးပြီး Profile Picture တွေ အဖြစ်ပြောင်းလဲလာကြတာ တစ်ပတ်ခန့်ရှိနေပါပြီ။

ဒါပေမယ့် ရုရှားနိုင်ငံမှာ ရှိတဲ့ လိင်တူလက်ထပ်ခြင်းကို ကန့်ကွက်တဲ့သူတွေကတော့ Facebook app တစ်ခုကို ဒီဇိုင်းရေးဆွဲပြီး ရုရှားရဲ့ ၃ ရောင်ခြယ် အလံ Filter နဲ့ Profile Picture အဖြစ်ထားကာ ကန့်ကွက်ခဲ့ကြပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ လိင်တူလက်ထပ်ခွင့်တရားဝင် ခွင့်ပြုခဲ့တဲ့ နေ့အတွက် Facebook က "Let's Celebrate Pride" ဆိုတဲ့ app တစ်ခုကို ဖန်တီးပေးခဲ့ပြီး ထို app ကတော့ လူမှုကွန်ရက် သုံးစွဲသူတွေရဲ့ Profile Picture တွေကို သက်တန့်ရောင်စုံ Filter တွေနဲ့ edit လုပ်လို့ရစေခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ သန်းနဲ့ချီတဲ့ Facebook သုံးစွဲသူတွေဟာ လိင်တူလက်ထပ်ခွင့်ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ သူတို့ရဲ့ Profile Picture တွေကို သက်တန့်ရောင်စဉ် တွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ဒါပေမယ့်လည်း လိင်တူ မုန်းတီးရေးသမားတွေကတော့ ဒေါသတွေထွက်ကာ ထို သက်တန့်ရောင် Filter တွေကို ဘယ်လို ဖြုတ်ချပစ်လို့ရမလည်းတွေးနေစဉ်မှာပဲ ရုရှား နည်းပညာရှင် Oleg Chulakov က သူ့ရဲ့ app တစ်ခုကို မိတ်ဆက်ခဲ့ပြီး ထို app ကတော့ သက်တန့်ရောင်စုံတွေအစား ရုရှားနိုင်ငံရဲ့ အလံကို ဓါတ်ပုံရဲ့ Filter အဖြစ် အသုံးပြုပြီး Profile Picture ဖြစ်စေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရုရှားနိုင်ငံသား အမြောက်အများဟာ ထို app ကို အသုံးပြုကာ သူတို့ရဲ့ Profile Picture တွေကို ၃ ရောင်ခြယ် Filter တွေနဲ့ ပြောင်းလဲလိုက်သလို ရုရှား တရားရေး အရာရှိတစ်ဦးဖြစ်တဲ့ Alexei Lisovenko ကလည်း ထို သက်တန့်ရောင် အလံ တွေကို "လိင်တူ ၀ါဒဖြန့်ချီခြင်း (Gay Propaganda) " အဖြစ် သတ်မှတ် ပိတ်ပင်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment