Powered by Blogger.

Messenger သုံးဖို့အတွက် ဖုန်းနံပါတ် ၁ လုံးသာ လိုတော့မည်




ကမ္ဘာ့လူသုံးအများဆုံး လူမှု ကွန်ရက် ဖြစ်တဲ့ Facebook ဟာ သူ့ရဲ့ Messenger app ကို အသုံးပြုမယ့်သူတွေအနေနဲ့ Facebook အကောင့်တစ်ခု ရှိနေဖို့မလိုတော့ဘူးလို့ ဆိုလိုက်ပါတယ်။

လူမှုကွန်ရက်ရဲ့ Chat app တစ်ခုဖြစ်တဲ့ Messenger ကိုသုံးမယ့်သူတွေဟာ Facebook အကောင့် နဲ့ အီးမေးလ် လိပ်စာတွေ ရှိဖို့မလိုအပ်တော့ပါဘူး။ အသုံးပြုသူတွေအနေနဲ့ ဖုန်းနံပါတ် ၁ လုံးသာ ရှိဖို့လိုပြီး First Name နဲ့ Last Name တို့ကို ဖြည့်စွက်ကာ ဓါတ်ပုံတစ်ပုံ ကို upload လုပ်ပြီးတာနဲ့ စတင်သုံးစွဲလို့ရတော့မှာပါ။

"ဒီ Update နဲ့ Messenger မှာ ပိုပြီးတွင်တွင်ကျယ်ကျယ် သုံးနိုင်တော့မှာပါ။ ဓါတ်ပုံတွေ ၊ ဗီဒီယိုတွေ ၊ အဖွဲ့လိုက် ချက်တ် တွေ ၊ အသံ တွေနဲ့ ဗီဒီယို ခေါ်ဆိုမှုအားလုံးအတွက် ဖုန်းနံပါတ် တစ်ခုသာ လိုပါတော့တယ်" လို့ Facebook ကုမ္မဏီက သူ့ရဲ့ Blogspot မှာ ရေးသားထားပါတယ်။

လက်ရှိအချိန်မှာ Messenger ဟာ တစ်လ ကို သုံးစွဲသူ သန်း ၇၀၀ ၀န်းကျင်ခန့်ရှိနေပြီး အဓိက Facebook လူမှုကွန်ရက် ကနေခွဲထွက်လိုက်တဲ့အတွက်လည်း အသုံးပြုသူတွေ ပိုမိုများပြားလာခဲ့တာ ဖြစ်ပါတယ်။

နည်းပညာ ကုမ္မဏီတစ်ခုဖြစ်တဲ့ Facebook ဟာ Messenger app ကို ရေရှည်မှာ ရိုးရာ မက်ဆေ့ဂ်ျ app ဖြစ်တဲ့ SMS နေရာမှာ အစားထိုး အသုံးပြုသွားနိုင်ဖို့ပါမျှော်လင့်ထားပါတယ်။

တစ်ဖက်မှာလည်း Twitter ရဲ့ Direct Messages အတွက် စာလုံးရေ ကန့်သက်ချက်တွေကို တိုးမြှင့်လာတာကိုတွေ့ရသလို Whatsapp နဲ့ Skype တို့လို မက်ဆေ့ဂ်ျ ၊ ချက်တ် app တွေကလည်း အရှိန်အဟုန်နဲ့ တိုးချဲ့လုပ်ဆောင်လာကြပါတယ်။

Facebook ကုမ္မဏီကတော့ အမေရိကန်ပြည်ထောင်စု ၊ ကနေဒါနိုင်ငံ ၊ ပီရူး နိုင်ငံ နဲ့ ဗင်နီဇွဲလားနိုင်ငံတွေမှာ အမှီအခို ကင်းမဲ့တဲ့ Messenger app ကို စတင်အသုံးပြုခွင့်ပေးနိုင်အောင် ပြုလုပ်သွားဦးမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment