Google ပိုင် ကုမ္ပဏီခွဲ Nest မှ စောင့်ကြည့်ကင်မရာ စတင်ဖြန့်ချိ
Google ရဲ့ အိမ်တွင်းဆက်စပ်အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်လျှက်ရှိသော Nest မှ စတာလင်ပေါင် ၁၅၉ တန်ဖိုးရှိ အိမ်တွင်းလုံခြုံရေး ကင်မရာကို စတင်ဖြန့်ချိခဲ့ပါတယ်။
အိမ်တွင်းလုံခြုံရေး ကင်မရာတွေကို ကုမ္ပဏီတော်တော်များများက ထုတ်လုပ်ဖြန့်ချိလာကြပါပြီ။ နည်းပညာကုမ္ပဏီ ကြီးတွေဟာလည်း ကိုယ်ပိုင် ဗားရှင်း အမျိုးမျိုးနဲ့ ထုတ်လုပ်နေပါတယ်။
ဒါပေမဲ့ 1080p ရုပ်ထွက်ရှိ ဗီဒီယို အရည်အသွေးနဲ့တကွ ပုံရိပ်များကို မှတ်တမ်းတင် သိုလှောင်ထားပေးမယ့် App တွေအပါအ၀င် နည်းပညာသစ်တွေကို Google ပိုင် ကုမ္ပဏီ Nest က မျှော်လင့်ချက်ကြီးကြီး ထားရှိထားပါတယ်။ ဈေးက မြင့်တယ်ဆိုပေမယ့် အရည်အသွေးကောင်းကောင်း၊ ၀န်ဆောင်မှုကောင်းကောင်းတွေနဲ့ ဆိုတော့ တန်မှာပါ။
ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက စောင့်ကြည့်ကင်မရာ ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Dropcam ကို ကန်ဒေါ်လာ ၅၁၇သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။ ဒါကတော့ အတွေးအခေါ်ကောင်းကောင်းနဲ့ အိမ်တွင်းဆက်စပ်ပစ္စည်းတွေကို ထုတ်မယ်ဆိုတဲ့ Nest ရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးဖို့ပါပဲ။
Nest ဟာ Dropcam ရဲ့ ကင်မရာကို ရုပ်ထွက်အရည်အသွေးကို HD အဖြစ် မြှင့်တင်ခဲ့ပြီး ပါးလွှာလွန်းတဲ့ ဒီဇိုင်းအဖြစ်အဆင့်မြှင့်တင်ခဲ့ပါတယ်။ ရေခဲသေတ္တာမှာလည်း သံလိုက်ဓာတ်နဲ့ ကပ်ထားလို့ရလာပါတယ်။ ပိုမိုကောင်းမွန်တဲ့ အနီအောက်ရောင်ခြည် နည်းပညာကိုသုံးထားတဲ့အတွက် အမှောင်ထဲမှာလည်း ရိုက်ကူးလာနိုင်ပါတယ်။
အဲ့ဒီ့အချက်တွေကြောင့်ပဲ Dropcam ကင်မရာတွေကို အဆင့်မြှင့်ပြီး Nest လို့ နာမည်ပြောင်းယူလိုက်နိုင်ခဲ့ပါတယ်။ Nest ရဲ့ စောင့်ကြည့်ကင်မရာမှာ လစဉ်ကြေးသွင်းပြီး ၁၀ရက်တာ ဗီဒီယိုမှတ်တမ်း သိုလှောင်နိုင်စွမ်းနဲ့ မသင်္ကာစရာများအတွက် သတိပေးချက်ပေးပို့ခြင်း ၀န်ဆောင်မှုတွေကိုလည်း ရယူနိုင်ပါတယ်။
( Skyler )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : independant
0 comments:
Post a Comment