ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေနဲ့ထွက်ရှိလာတော့မယ့် PES 2016
ဂိမ်းလောက မှာ လူကြိုက်အများဆုံး ဘောလုံး ဂိမ်းတွေဖြစ်တဲ့ FIFA နဲ့ PES တို့ရဲ့ ပြိုင်ဆိုင်မှု စစ်ပွဲဟာ ပိုမိုပြင်းထန်လာပါပြီ။
PES 2016 ရဲ့ ကြိုတင်ထွက်ရှိလာတဲ့ trailer မှာတော့ Pro Evolution Soccer ဂိမ်းဟာ သူ့ရဲ့ နောက်ဆုံးထုတ် ဗားရှင်း မှာတော့ အခြား ဂိမ်းတွေအားလုံးထက် သာလွန်တဲ့ လုပ်ဆောင်ချက်တွေ ပါနေသလို ကမ္ဘာကျော် ဘောလုံးသမား Franceso Totti ရဲ့ မထင်ရှားခဲ့တဲ့ Selfie ဓါတ်ပုံ အောင်ပွဲခံမှုတွေကို ပါ ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။
ဘာပဲ ဖြစ်ဖြစ် PES 2016 ရဲ့ Trailer ဗီဒီယို ဟာ ဟိုတစ်လောက မှ ထွက်ရှိထားတဲ့ FIFA 16 အတွက် ယှဉ်ပြိုင်စရာ တစ်ခု ပေါ်ပေါက်လာပြီ ဆိုတာကို သက်သေပြလိုက်ပါတယ်။
PES 2016 ရဲ့ အဓိက ထူးခြားချက်ကတော့ တစ်ဖက် လူရဲ့ ခြေထောက်ထဲက ဘောလုံးကို ပြန်လည် ရယူဖို့ ကြိုးစားနိုင်မယ့် တိုးဝှေ့ လုယက်တဲ့ လုပ်ဆောင်ချက်အသစ်ပါပဲ။ ဒီ လုပ်ဆောင်ချက်ဟာ အရင်PES ဂိမ်းတွေတုန်းကထက် ပိုပြီး အဆင့်မြှင့်တင်ထားပြီး ဘောလုံး ကို လူပေး တဲံ လုပ်ဆောင်ချက်တွေကို လည်း အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။
PES 2016 ရဲ့ ပြိုင်ဘက် ဖြစ်နေတဲ့ FIFA 16 ကတော့ ထူးခြားချက်တွေအဖြစ် အမျိုးသမီး ဘောလုံး အသင်းအချို့ ကို ရွေးချယ် ဆော့ကစားခွင့် ပေးမယ့် လုပ်ဆောင်ချက် ပါဝင်နေတယ်ဆိုတာကို တော့ အရင်တစ်ပတ် ခန့်က ဖော်ပြပြီး ဖြစ်ပါတယ်။ PES 2016 မှာတော့ FIFA 16 လို ရွေးချယ်ခွင့်မရပေမယ့်လည်း PES ပရိတ်သတ် တွေအတွက်တော့ ပိုမိုလွယ်ကူပြီး ယုတ္တိရှိလာတဲ့ လုပ်ဆောင်ချက်တွေက သဘောကျစရာတွေ ဖြစ်နေမှာပါ။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment