မြောက်ကိုရီးယား နိုင်ငံ ဟာ တိုင်းပြည်ရဲ့ သတင်းတစ်ခု ဓါတ်ပုံကနေ ပျံ့နှံ့သွားပြီးတဲ့နောက် ဓါတ်ပုံတွေ မျှဝေတဲ့ app တစ်ခုဖြစ်တဲ့ Instagram အသုံးပြုခွင့်ကို ပိတ်ပင် တားမြစ်လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ မိုဘိုင်းလ် ကွန်ယက်တစ်ခုဖြစ်တဲ့ Koryolink ကို အသုံးပြုပြီး Instagram အသုံးပြုမယ့်သူတွေဟာ အင်္ဂလိပ်လိုရေးထားတဲ့ "သတိပေးချက်!ဒီဆိုက်ဟာပျယ်ဖျက်စာရင်းထဲမှာရှိနေတဲ့အတွက်သင်ဟာဒီဆိုက်နဲ့ချိတ်ဆက်လို့မရနိုင်ပါဘူး" လို့ အဓိပ္ပာယ်ရှိတဲ့ စာသားတွေကိုပဲ ပြသမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Instagram အသုံးပြုသူ နိုင်ငံသားတိုင်းကို ကိုရီးယားဘာသာ နဲ့ရေးထားတဲ့ "ထိခိုက်နစ်နာစေသောအကြောင်းအရာများ" ဆိုတဲ့ သတိပေး စာသားကိုလည်း ထပ်မံ ဖော်ပြနေဦးမှာ ဖြစ်ပါတယ်။
ထို ဆုံးဖြတ်ချက်ကိုတော့ မြောက်ကိုရီးယား ရဲ့ အာဏာရှင်ခေါင်းဆောင် Kim Jong-Un ကိုယ်တိုင် ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
လေ့လာသူ အချို့ကတော့ ဒါဟာ မြောက်ကိုးရီးယား နိုင်ငံရဲ့ အစိုးရပိုင်မီဒီယာတွေမှာတောင် ဖော်ပြခဲ့ခြင်းမရှိတဲ့ ဟိုတယ်မီးလောင်မှု တစ်ခု ကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ဇွန်လ ၁၁ ရက်နေ့က Koryo လို့ခေါ်တဲ့ ဟိုတယ် တစ်ခုမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထို သတင်းကို မြောက်ကိုရီးယား အာဏာပိုင်တွေက ဖုံးကွယ်ထားပါလျက်နဲ့ ဓါတ်ပုံအချို့ဟာ မြောက်ကိုရီးယား ပြင်ပ ကို ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့ သတင်းစာတွေမှာ ပုံနှိပ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အမှန်တစ်ကယ်တော့ မြောက်ကိုရီးယားနိုင်ငံမှာ အင်တာနက် ကောင်းမွန်စွာ သုံးစွဲခွင့်ဟာ ကန့်သတ်ခံထားရပြီး လူနည်းစုသာလျှင် ကောင်းမွန်သော အင်တာနက်ကို အခမဲ့ အသုံးပြုခွင့်ရထားတာ ဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment