ဝ.၂ လက်မသာ အထူရှိမယ့် Sony ရဲ့ Android 4K UHD TV
Sony ကုမ္ပဏီဟာ ၄င်းရဲ့  အပါးလွှာဆုံး 4K Ultra HD TV ရဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်မှု အသေးစိတ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဝ.၂လက်မ အောက် အထူသာရှိတဲ့ Sony ရဲ့ အပါးလွှာဆုံး TV X900C ဟာ ထွက်ခဲ့ဖူးသမျှ မျက်နှာပြင်အကျယ် ၆၅လက်မ စီးရီးတွေထဲမှာတော့ အပါးလွှာဆုံးပဲဖြစ်ပါတယ်
၎င်း TV တွေမှာ X1 processor ကိုသုံးထားပြီး အရောင်ကွဲပြားမှု၊ အရောင်နဲ့ ရှင်းလင်းပြတ်သားမှု တွေကို HD အရည်အသွေး၊ 4K အရည်အသွေး နှစ်မျိုးစလုံးမှာ အဆုံးစွန်ဆုံးထိ ကြည့်ရှုနိုင်မှာပါ။
X900C နဲ့ X910C မော်ဒယ်နှစ်မျိုးရှိပြီး နှစ်မျိုးစလုံးဟာ Android ကိုအခြေခံထားတဲ့ TV တွေပဲဖြစ်ပါတယ်။
ဒါ့ကြောင့် Netflix, Amazon Instant Video နဲ့ YouTube စတဲ့ appတွေရဲ့ content တွေကိုလည်း အလွယ်တကူ ရယူသုံးစွဲခွင့်ရမှာဖြစ်ပါတယ်။
Pre-sales အနေနဲ့ X900C (၅၅လက်မ) TV ကို ကန်ဒေါ်လာ ၂၄၉၉ နဲ့လည်းကောင်း၊ X900C (၆၅လက်မ) TV ကို ကန်ဒေါ်လာ ၃၉၉၉ နဲ့လည်းကောင်း ရောင်းချပေးနေပါပြီ။
X910C ကိုတော့ လာမယ့် နွေရာသီမှာ ရရှိနိုင်မှာဖြစ်ပြီး ကန်ဒေါ်လာ ၅၄၉၉ ကျမယ်လို့ သိရပါတယ်။
( Skyler )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : IBN Live
0 comments:
Post a Comment