နည်းပညာ ကျွမ်းကျင်သူတွေဟာ ၂၀၁၅ မှာ လည်း နည်းပညာ ကုမ္မဏီ ကြီးတစ်ခုဖြစ်တဲ့ Apple က ကုန်ပစ္စည်းအသစ်တစ်ခုကို ထုတ်လုပ်လိမ့်မယ်လို့ ယုံကြည်နေကြတုန်းပါပဲ။
ဒါကြောင့်လည်း ပြီးခဲ့တဲ့ လ တုန်းက iPhone 7 နဲ့ပတ်သက်တဲ့ ကောလာဟလ တွေထွက်ပေါ်ခဲ့ဖူးသလို အခုလည်း iPhone 6S ထွက်မယ်ဆိုတဲ့ ကောလာဟလ တွေ ထွက်ပေါ်လာပြန်ပါတယ်။
ဒီသတင်းတွေကို တော့ Developer တွေက iOS 9 မှာပါဝင်တဲ့ အချက်အလက်တွေပေါ်မူတည်ပြီးခန့်မှန်းပြောဆိုနေကြတာပဲဖြစ်ပါတယ်။ Apple က iPhone 5S နဲ့ iPhone 6 တို့ကို စက်တင်ဘာလ တွေမှာ ထုတ်လုပ်ခဲ့တဲ့အတွက် အခုတစ်ကြိမ်လည်း စမတ်ဖုန်း အသစ်တစ်မျိုးကို Apple က စက်တင်ဘာလမှာပဲ ထပ်မံထုတ်လုပ်ပြီး ခရစ္စမတ် အမှီ ရောင်းချဦးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။
အသစ်ထွက်ရှိလာနိုင်ဖွယ်ရှိတဲ့ iPhone 6S ရဲ့ ပုံစံကိုတော့ ဆိုက်ဇ် ၃ မျိုးနဲ့ ထွက်ပေါ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။ iPhone 6 မှာတုန်းက ဖုန်းကို ကွေးကောက်သွားစေနိုင်တဲ့ Bending Feature ကိုလည်း သုံးစွဲသူတွေက ဝေဖန်ကြတဲ့အတွက် အသစ်ထွက်ရှိမယ့် iPhone မှာတော့ ဖယ်ရှားပစ်လိုက်မယ်လို့ ခန့်မှန်းနေကြပါတယ်။
ကင်မရာနဲ့ ပတ်သက်လို့ကတော့ Developer တစ်ယောက် iOS 9 ထဲမှာ တွေ့ရှိခဲ့တဲ့အတိုင်းပဲ အရှေ့ Selfie ကင်မရာမှာ Flash ပါဝင်လာမယ်လို့ သိရပါတယ်။
ဒါ့အပြင် Processor ကိုလည်း ပိုမို အရည်အသွေး ကောင်းမွန်တဲ့ A9 processor နဲ့ RAM ကိုလည်း 3GB အထိ အသုံးပြုသွားဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။
အရင် iPhone တွေနဲ့ မတူညီတော့ပဲ FaceTime မှာပါ 1080p အထိ ကြည်လင်ပြတ်သားမှု ရှိလာမယ့် iPhone 6S ကိုတော့ စတာလင်ပေါင် ၅၃၉ နဲ့ စတင်ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment