Microsoft Office ကို Android ဖုန်းတွေပေါ်မှာ သုံးနိုင်ပြီ
Microsoft ဟာ သူ့ရဲ့ Office App တွေကို စမတ်ဖုန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရမယ်လို့ ကတိပြုခဲ့တဲ့အတိုင်း Word, Excel, နဲ့ PowerPoint ပရိုဂရမ်တွေကို Google ရဲ့ Android OS ပေါ်မှာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Google ရဲ့ PlayStore ပေါ်ကနေ Microsoft App တွေကို ရယူသုံးစွဲမှုဟာလည်း ထိပ်ဆုံးရောက်ရှိခဲ့ပြီး ၄င်း Appတွေကို Internet Cloud စနစ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။
Android OS သုံး tablet တွေအပြင် iPhone နဲ့ iPad တွေမှာပါ အသုံးပြုနိုင်ဖို့ လိုအပ်ချက်တွေကိုတော့ ဖြည့်ဆည်းပေးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
“Android ဖုန်းအတွက် Word, Excel နဲ့ PowerPoint App သစ်တွေကို ရယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ရတာကို ကျေနပ်လှပါတယ်။
အရင်က Android တက်ဘလက်တွေအတွက် Office App တွေကို ထုတ်ပေးခဲ့ပြီးတာကို အခု သန်းပေါင်းများစွာသော Android အသုံးပြုသူတွေအတွက် ထပ်မံဖြည့်စွက်လိုက်နိုင်ခဲ့ပါပြီ။” လို့ Microsoft Office အဖွဲ့အစည်း ကော်ပိုရေးရှင်း ဒုတိယဥက္ကဌ Kirk Koenigsbauer က Blog post တစ်ခုမှာ ဆိုခဲ့ပါတယ်။
( Skyler )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Yahoo
0 comments:
Post a Comment