Powered by Blogger.

ထပ်မံထွက်ရှိလာဦးမယ့် Microsoft ရဲ့ 1TB Xbox One




နောက်တစ်ပတ် လော့အိန်ဂျလိစ် မြို့မှာ ပြုလုပ်မယ့် Games Event of the Year ပွဲတော်မှာတော့ Microsoft ကုမ္မဏီက Sony ရဲ့ Playstation 4 ထက်သေချာပေါက် သာလွန်နေမယ့် Xbox One ဂိမ်းစက် အသစ်တစ်မျိုးကို ထပ်မံ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ကုမ္မဏီ က ထုတ်ဖော်ပြောကြားခဲ့တာကတော့ ထို ဂိမ်းစက် အသစ်မှာ မူလ Xbox One ထက် Storage ပမာဏ ၂ ဆ ရှိမယ့် 1TB Hard Drive ကိုထည့်သွင်းပေးထားတယ်ဆိုတာပါပဲ။ ဒါ့အပြင် ဂိမ်းစက်ရဲ့ ကိုယ်ထည် အားလုံးကိုတော့ Matte နဲ့ပဲ ပြုလုပ်ထားတယ်လို့ လည်း သိရပါတယ်။

အခြား ဖန်တီးမှု အသစ်တွေကတော့ Microsoft ဟာ ဂိမ်းစက်တွေကို ၃.၅ မီလီမီတာ ရှိတဲ့ Jack ပင်ပေါက် တစ်ခု ပါဝင်စေခဲ့တဲ့ အတွက် ဂိမ်းဆော့တဲ့ သူတွေအနေနဲ့ ဂိမ်းခလုတ်မှာ တင် Headphone နဲ့ ချိတ်ဆက်ပြီး ကစားလို့ရနိုင်သွားပါတယ်။

အခုလို ဂိမ်းစက်ရဲ့ Storage ပမာဏ ကို တိုးချဲ့လိုက်ရတာဟာ Grand Theft Auto 5 နဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Witcher 3 တို့လို ထိပ်တန်း ဂိမ်းတွေအတွက် ပမာဏ များများ လိုအပ်နေတယ် လို့ Microsoft က ဆိုထားပါသေးတယ်။

ဒီ Xbox One ဂိမ်းစက်အသစ်ကို ဖန်တီးမှုရဲ့ နောက်ကွယ်မှာလည်း Xbox ရဲ့ သမိုင်းမှာ အကောင်းဆုံး အဖွဲ့ က ဖန်တီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

1TB Xbox One ဂိမ်းစက်ကိုတော့ စတာလင်ပေါင် ၃၄၈ ကျပ်နဲ့ ၀ယ်ယူရရှိနိုင်ပြီးXbox 360 နဲ့ 500GB Xbox One ဂိမ်းစက် တစ်ခုခု ၀ယ်ယူထားသူတွေကတော့ စတာလင်ပေါင် ၁၀၀ ခန့် အလိုက်ပေးပြီး လဲလှယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment