Powered by Blogger.

စမတ်ဖုန်းဘက်ထရီ အဟောင်းတွေကို Power Bank အဖြစ် ပြန်လည် အသုံးပြုနိုင်မယ့် Better Re




ပလတ်စတစ် တစ်ခုတည်းပဲ ပြန်လည် အသုံးပြုခြင်း စနစ်( Recycling) နဲ့ အသုံးပြုလို့ရနိုင်တာ မဟုတ်ပါဘူး။ ဖုန်းဘက်ထရီတွေကိုလည်း ပြန်လည် အသုံးပြု လို့ရနိုင်ပါတယ်။

Better Re လို့ခေါ်တဲ့ Power Bank အမှတ်တံဆိပ်တစ်ခုဟာ သင့်ရဲ့ ရှေးဟောင်း စမတ်ဖုန်းတွေက ဖြုတ်လို့ရတဲ့ ဘက်ထရီ တုံး တွေကို ပြန်လည် အသုံးပြုပြီး ဖန်တီးထားတဲ့ Power Bank ပဲ ဖြစ်ပါတယ်။ လေ့လာမှု တစ်ခုကနေ သိခဲ့ရတာကတော့ ကျွန်ုပ်တို့ဟာ ပျမ်းမျှ အားဖြင့် ၂ နှစ်ကို ၁ ခါလောက် စမတ်ဖုန်းတွေပြောင်းလဲ အသုံးပြုကြပါတယ်။

ကျွန်ုပ်တို့ ဖုန်း အသစ်ပြောင်းလိုက်တဲ့အခါ ဖုန်းအဟောင်းကို အသုံးမပြုဖြစ်တော့ပါဘူး။ အဲဒီအချိန်မှာ ဖုန်းအဟောင်းထဲက ဘက်ထရီဟာ အနည်းဆုံး ၈၀ ရာခိုင်နှုန်းလောက်ထိ သုံးလို့ရနေပါသေးတယ်။

ထို ၈၀ ရာခိုင်နှုန်းဟာ အလဟဿ ဖြစ်သွားခဲ့ရပါတယ်။။ ဒီလို ပိုနေတဲ့ Lithium ဘက်ထရီတွေကို အသုံးပြု ဖို့ ၃၉ ဒေါ်လာလောက် ထပ်မံ ရင်းနှီးမြှပ်နှံလိုက်ရင် Power Bank တစ်ခု အဖြစ်အသုံးပြုနိုင်သွားမှာဖြစ်ပါတယ်။

Better Re မှာပါဝင်တဲ့ shell တစ်မျိုးဟာ Lithium-Ion ဘက်ထရီတွေကို external power source နဲ့ USB ကြိုးတွေ အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ထို Better Re ထဲကို မိမိ ကြိုက်နှစ်သက်တဲ့ ဘက်ထရီ ထည့်သွင်းပြီးလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ ဖြုတ်လို့မရတဲ့ ဖုန်းကို ကိုင်ဆောင်ထားပြီး ဖုန်းဘက်ထရီ အပိုတစ်ခုလည်း မရှိဘူးဆိုရင်တော့ တစ်စုံလုံးကို ၀ယ်ယူရမှာ ဖြစ်ပြီး ၅၅ ဒေါ်လာ လောက်ကျသင့်သွားမှာ ဖြစ်ပါတယ်။




( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror




Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment