Powered by Blogger.

သင့်ရဲ့တည်နေရာကို Messenger ကတစ်ဆင့် Share နိုင်မည်




သင်ရှိနေတဲ့ တည်နေရာကို သင်နဲ့ Chat နေတဲ့သူသိအောင် ပြောပြတာမျိုးဟာ Facebook Messenger အတွက မထူးဆန်းတော့ပါဘူး။ ငါဘယ်မှာ ရှိတယ်ဆိုတဲ့ စာသား လေးကို ရိုက်နှိပ်ရေးသား ပြောပြလိုက်ရုံပါပဲ။

ဒါပေမယ့်လည်း အခုကစပြီးတော့ သင့်ရဲ့ တည်နေရာကို Chat စာသားတွေနဲ့ ပြောနေစရာမလိုတော့ပါဘူး။ သင် Chat နေတဲ့ သူကို သင့်ရဲ့ တည်နေရာ ပြောပြလိုတဲ့ ဆန္ဒရှိတယ်ဆိုရင် သင့်ရဲ့ Info တွေ ဝေမျှ ခွင့်ပြုလိုက်ရုံနဲ့ Check-in လုပ်လိုက်သလိုပဲ Messenger က လုပ်ဆောင်ပေးမှာပါ။

ဒီ လုပ်ဆောင်ချက် မပေါ်ပေါက်ခင်တုန်းကတော့ Facebook က သင့်ရဲ့ တည်နေရာ ကို အလိုလျောက် Share တာရှိသလို မဖော်ပြခဲ့တာတွေလည်း ရှိပါတယ်။ အခုအချိန်မှာတော့ သင်ပြောချင်တဲ့ ဆန္ဒရှိမှ Facebook က ဖော်ပြပေးမှာပါ။ 

TechCrunch သတင်းဌာန ရဲ့ ဖော်ပြချက်အရ Facebook app ဟာ GPS စနစ်ကို app အတွင်း ထည့်သွင်းဖို့ စီစဉ်နေပြီး နောက်တစ်ဆင့် အနေနဲ့ ဘာတွေ ထွက်ပေါ်လာဦးမယ်ဆိုတာတော့ ရင်ခုန်စွာ စောင့်ကြည့်ရမှာပဲ ဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment