Android စနစ် အသုံးပြုလို့ရမယ့် LG ရဲ့တန်ဖိုးနည်း ခေါက်ဖုန်း
အရည်အသွေးမြင့် စမတ်ဖုန်းတွေ ပေါများလာတဲ့ ယနေ့ခေတ်မှာ ခေါက်ဖုန်း တွေဟာ ရှေးဟောင်း မှတ်တမ်းထဲ ၀င်နေပြီး အသုံးမ၀င်တော့ဘူးလို့ လူတွေက မှတ်ထင်ထားကြပါတယ်။ ဟုတ်ရင်လည်း ဟုတ်ပါလိမ့်မယ်။
ဒါပေမယ့် အာရှ အတွင်းမှာတော့ ခေါက်ဖုန်းတွေဟာ ရေပန်းစားနေတုန်းပါပဲ။ အခုဆိုရင် သင်ဟာ ခေါက်ဖုန်းပေါ်မှာပါ Android စနစ်ကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ LG ကထုတ်လုပ်မယ့် Gentle ဆိုတဲ့ ခေါက်ဖုန်းလေးဟာ နောက်ဆုံးထွက် app တွေအားလုံးကို ထည့်သွင်းနိုင်ပါတယ်တဲ့။
လယ်သာ နဲ့ ပြုလုပ်ထားတဲ့ ခေါက်ဖုန်း ဒီဇိုင်းဟာ Android ရဲ့ နောက်ဆုံး ဗားရှင်းဖြစ်တဲ့ 5.1 Lollipop ကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး 4G LTE ကွန်ရက်ပေါ်မှာ အသုံးပြုနိုင်မှာပါ။
ဒါပေမယ့်လည်း ဒီခေါက်ဖုန်းဟာ စမတ်ဖုန်းတွေကို ရင်ဘောင်တန်းနိုင်တဲ့ ပစ္စည်းတွေတော့ ပါဝင်ခြင်းမရှိပါဘူး။ Gentle ရဲ့ မျက်နှာပြင်ဟာ ၃.၂ လက်မ သာ ကျယ်ဝန်းပြီး 480 x 320 ကြည်လင်ပြတ်သားမှုကိုသာ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာ အနေနဲ့လည်း 3 Megapixel ရှိတဲ့ အနောက်ကင်မရာ တစ်လုံးသာ ပါဝင်ပြီး သိုလှောင်ပမာဏ အနေနဲ့လည်း 4GB အထိပဲ ရရှိနိုင်မှာဖြစ်ပါတယ်။ RAM ကတော့ 1GB အထိ အသုံးပြုနိုင်ပါတယ်။
ကိုရီးယားမှာ စတင်ရောင်းချနေပြီဖြစ်တဲ့ ထိုခေါက်ဖုန်းဟာ တန်ဖိုးကလည်း ဒေါ်လာ ၁၇၅ သာ ကျသင့်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Engadget
0 comments:
Post a Comment