ဘာဂါလုပ်ငန်းတစ်ခုမှာ Google က ရင်းနှီးမြှပ်နှံဖို့ ကြိုးစား
ကမ္ဘာ့နံပါတ် ၁ ရှာဖွေရေးအင်ဂျင် ကုမ္မဏီ ဖြစ်တဲ့ Google ဟာ အင်တာနက် ရှာဖွေရေးတွေ အပြင် အခြားနယ်ပယ် အချို့ကိုလည်း ဖြန့်ကျက်ဖို့ ကြိုးစားလာတာ မဆန်းပါဘူး။ ဒါပေမယ့်လည်း The Information ဆိုတဲ့ သတင်းဌာနက အခိုင်အမာ ဖော်ပြခဲ့တဲ့ သတင်းကတော့ Google ဟာ Fast Food စီးပွားရေးနယ်ပယ် ထဲဝင်ရောက်တော့မယ်ဆိုတဲ့ ပုံမှန်မဟုတ်တဲ့ သတင်း တစ်ခုပါ။
သတင်းတွေအရတော့ Google ဟာ ဟင်းသီးဟင်းရွက် ကို အခြေခံပြီး အသားနဲ့ ချိစ် တို့ပါဝင်တဲ့ ဟမ်ဘာဂါ အစားအသောက်လုပ်ငန်းတစ်ခုမှာ ဒေါ်လာ သန်း ၂၀၀ နဲ့ သန်း ၃၀၀ ကြားမှာ ရင်းနှီးမြှပ်နှံတော့မယ် လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက် ကို အခြေခံပြီး မတူညီတဲ့အရသာတစ်ခုကို ပေးစွမ်းနိုင်မယ့် ထိုလုပ်ငန်းကို Google က နောက်နှစ်အတွင်းမှာ စတင်မယ်လို့လည်း သိရပါတယ်။
ဒီလို မဖြစ်နိုင်တဲ့ လုပ်ငန်းတစ်ခုကို လုပ်ဆောင်တော့မယ်ဆိုကတည်းက Google ဟာ မထင်မှတ်ထားတဲ့ ရောင်းအားကို မျှော်လင့်နေတာလည်း ဖြစ်နိုင်ပါတယ်။
တစ်ကယ်တော့ Google ဟာ အရင်ကတည်းက အစားအသောက် လုပ်ငန်း ကို နယ်ချဲ့ဖို့ကြိုးစားခဲ့ဖူးပါတယ်။ Google ရဲ့ တွဲဖက်တည်ထောင်သူ တစ်ယောက်ဖြစ်တဲ့ Sergey Brin ဟာ လူသားဝါဒ ကို အကူအညီပေးတဲ့ စီမံကိန်းတစ်ခုအရ ဘာဂါ လုပ်ငန်းတစ်ခုကို ကူညီ ထောက်ပံ့ပေးခဲ့ဖူးပါတယ်။
အကယ်၍ ဒီ သတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ Google ရဲ့ အကူအညီနဲ့ ကျွန်ုပ်တို့အားလုံးဟာ ပိုမိုကောင်းမွန်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှု နဲ့ ကိုက်ညီမယ့် အစားအစာတွေကိုစားသုံးသွားရဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း Google ဟာ ဘာဂါ ဆိုင်ကို ဘယ်လိုနေရာတွေမှာ ဖြန့်ကျက် ဖွင့်လှစ် သွားမယ်ဆိုတာတော့ မသိရသေးပါဘူး။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Engadget
0 comments:
Post a Comment