Powered by Blogger.

Angry Birds 2 ကို ဇူလိုင် ၃၀ မှာ ထွက်ရှိမည်




Angry Birds ဆိုတာဟာ ကလေးတွေ တင်မကပဲ ဂိမ်းသမားတွေ ရော မိဘတွေပါ ကစားကြတဲ့ ပျော်စရာ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတာတစ်ခုကတော့ Angry Birds ဂိမ်းကို ကမ္ဘာတစ်ဝှမ်းမှာ Download ပြုလုပ်သူ ၃ ဘီလီယံ အထိ ရှိခဲ့ပါပြီ။

Rovio ကုမ္မဏီ ဟာ Angry Birds 2 ကိုနယူးယော့ခ် နဲ့ ဆန်ဖရန် ဆစ္စကို မြို့တွေမှာ သတင်းစာရှင်းလင်းပွဲ ကြီးတွေ ပြုလုပ်ပြီး ဇူလိုင် ၃၀ ရက်မှာ စတင် မိတ်ဆက် ဖြန့်ချီတော့မှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

Angry Birds ဂိမ်းရဲ့ မူလဗားရှင်းမှတြော့ Kart Racing ၊ Shooting စတဲ့ မတူညီတဲ့ ကစားနည်း အမျိုးမျိုး ကို ပြန်လည် ခွဲခြားထားခဲ့ပါတယ်။ အခုလည်း Rovio ကုမ္မဏီက Skylanders နဲ့တူတဲ့ အရုပ်တွေလည်း မိတ်ဆက်ခဲ့ပြန်ပါတယ်။ အဲဒီ အရုပ်တွေကတော့ တတ်ဘလတ် နဲ့ စမတ်ဖုန်းတွေရဲ့ အရှေ့မှာ ထားလို့ရမယ့် ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုထပ်မံ ထုတ်လုပ်မယ့် Angry Birds 2 ကတော့ အရင် Angry Birds ဂိမ်းတုန်းကလို ပြိုင်ဘက် မရှိ အောင်မြင်ဖို့အတွက် မလွယ်တော့ပါဘူး။ Angry Birds 2 အနေနဲ့ လက်ရှိအောင်မြင်နေတဲ့ ဂိမ်း app တွေဖြစ်တဲ့ Clash of Clans နဲ့ Candy Crush Saga တို့ကို အရင်ဆုံး ယှဉ်ပြိုင်သွားရဖွယ်ရှိနေပါတယ်။

Angry Birds 2 ကတော့ မူလ Angry Birds ဂိမ်းကို အနည်းငယ်ဆန်းသစ်ရုံလောက်နဲ့တော့ ထုတ်လုပ်မှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ တစ်ဖက်မှာလည်း Angry Birds ရုပ်ရှင်ဟာ ၂၀၁၆ နိုဝင်ဘာလ မှာ ထွက်ရှိမှာ ဖြစ်တဲ့အတွက်  ထို ရုပ်ရှင် နဲ့ နီးစပ်မှု ရှိတဲ့ ဇာတ်လမ်းတွေကို ထည့်သွင်းသွားဖွယ်ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment