Powered by Blogger.

ဒေါ်လာ ၁၀၀ ကျော် နဲ့ ရရှိနိုင်မယ့် အရည်အသွေးမြင့် တတ်ဘလတ်




၂၀၁၅ မှာ တတ်ဘလတ် တစ်လုံးကို ဒေါ်လာ ၁၀၀ ကျော် နဲ့ ရမယ်လို့ ပြောတဲ့အခါ သင်ဟာ ငြင်းကောင်းငြင်းမိပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ တစ်ကယ်ဖြစ်လာပါပြီ။

NuVision အမှတ်တံဆိပ် TM1318 တတ်ဘလတ်ဟာ ၁၃.၃ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်ပါရှိပြီး တစ်လုံးကို ၁၀၉.၉၉ ဒေါ်လာသာ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ထို တတ်ဘလတ်ကို အနက်ရောင် ၊ အပြာရောင် နဲ့ ပန်းရောင် စတဲ့ အရောင်တွေနဲ့ ၀ယ်ယူရရှိနိုင်မှာဖြစ်ပြီး သယ်ဆောင်သွားနိုင်မယ့် Case ၊ ထောင်ထားနိုင်မယ့် Stand နဲ့ Bluetooth ကီးဘုတ်တစ်ခုလည်း ပါဝင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် TM1318 ရဲ့ ပါဝင်ပစ္စည်းတွေကလည်း ကောင်းမွန်ပြီးသားပါ။ သူ့ရဲ့ ၁၃.၃ လက်မကျယ်ဝန်းတဲ့ IPS မျက်နှာပြင်ဟာ 1920x1080 pixels ရှိတဲ့ ကြည်လင်ပြတ်သားမှု ကို ရနိုင်မှာဖြစ်ပြီး 1.6GHz Quad-Core Processor ကိုလည်း အသုံးပြုထားပါတယ်။

OS အနေနဲ့ကတော့ Android 4.4 စနစ်ကို အသုံးပြုထားပြီး ကင်မရာ ၂ လုံး ၊ Bluetooth နဲ့ microSD ကတ်ကိုလည်း ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ အတွင်းသိုလှောင်မှု ပမာဏ ကတော့ 16 GB အထိ ပါဝင်နေပါတယ်။

ထို တတ်ဘလတ် အတွက်တော့ Amazon ၊ Staples စတဲ့ အွန်လိုင်းမားကတ် တွေမှာတော့ သုံးသပ်ချက်တွေရေးသားထားခြင်းမရှိပါဘူး။ HSN မားကတ် တစ်ခုတည်းမှာပဲ သုံးသပ်ချက် ၃၀၀ ကျော် ကို တွေ့ရမှာပါ။ ဒါဟာလည်း ယုံကြည်ရတဲ့ အခြေအနေ တစ်ရပ် ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment