Powered by Blogger.

Apple က ကားထုတ်လုပ်ရန် နည်းပညာရှင်တွေ ငှားရမ်းထား




Apple ဟာ "iCar" လို့ အမည်ရတဲ့ နည်းပညာမြင့် ကားတစ်စီး ကို တည်ဆောက်နေတယ်ဆိုတဲ့ အချိန်ကြာကြာ ကောလာဟလ တွေ ထွက်ရှိပြီးတဲ့နောက် မှာ ထွက်ပေါ်လာတဲ့ သတင်းကတော့ Chrysler ကားကုမ္မဏီက ထိပ်တန်း အမှုဆောင်တွေ ကို ငှားရမ်းထားတဲ့ အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အမေရိကန် ကားထုတ်လုပ်ရေး ကုမ္မဏီရဲ့ စီနီယာ ဒုဥက္ကဋ္ဌ Doug Betts ဟာ Apple ကုမ္မဏီရဲ့ Operation အပိုင်းမှာ ပူးပေါင်း ပါဝင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Doug Betts က သူ့ရဲ့ Linkedln စာမျက်နှာမှာ လှုပ်ရှားမှု နဲ့ ပတ်သက်ပြီး အသိပေး ရေးသားမှု တွေပြုလုပ်ခဲ့ပေမယ့်လည်း ဒီသတင်း ပျံ့နှံ့သွားတဲ့နောက်မှာတော့ သူ့ရဲ့ Linkedln အကောင့်ကို ဖျက်ဆီးပစ်ခဲ့တာကိုတွေ့ရပါတယ်။

Apple ကုမ္မဏီ က ငှားရမ်းထားတဲ့ ပညာရှင်ဟာ Betts တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ စမတ်ဖုန်းလောက ရဲ့ ထိပ်သီး Apple ဟာ Tesla နဲ့ Mercedes-Benz ကုမ္မဏီက ပညာရှင်တွေကိုလည်း ဒီနှစ်အစောပိုင်းမှာတုန်းက ငှားရမ်းထားပါသေးတယ်။ ထို ပညာရှင်တွေအားလုံးဟာ "Titan" လို့ခေါ်တဲ့ လျှို့ဝှက် လုပ်ငန်းတစ်ခုအတွက် ဆောင်ရွက်နေကြတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် Apple ကုမ္မဏီက Search လုပ်ဆောင်မှု ရဲ့ ဘုရင် Google ရဲ့နည်းပညာတွေကိုလည်း သူတို့ထုတ်လုပ်မယ့် ကားထဲမှာ ထည့်သွင်းနိုင်ဖို့ ကြိုးစားနေခဲ့တာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ထို နည်းပညာကတော့ Road-Legal Prototype ပဲ ဖြစ်ပြီး ထိုနည်းပညာ အရ မောင်းရတာ ပိုမို ကောင်းမွန်စေနိုင်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ကမ္ဘာကျော် ဒီဇိုင်နာ ပေါင်းမြောက်များစွာက Apple က ထုတ်လုပ်နိုင်ဖွယ်ရှိတဲ့ ကားရဲ့ ပုံရိပ်တွေကိုခန့်မှန်းရေးဆွဲပြီး အင်တာနက် မှာ ဝေမျှထားခဲ့ပါတယ်။



( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a comment