Apple က Mac ၀ယ်ယူသည့်ကျောင်းသား၊ ဆရာများကို Beat Solo2 ပေး
Apple ရဲ့နှစ်ပတ်လည် Back to school အရောင်းမြှင့်တင်ရေး စတင်နေပါပြီ။ ဒီအချိန်မှာ Apple Mac တွေကို ၀ယ်ယူမယ်ဆိုရင် မဆိုးလှပါဘူး။
Apple ရဲ့ ပညာရေး ဈေးနှုန်း ပရိုဂရမ် (Education Pricing program) ကတဆင့် Mac ၀ယ်ယူတဲ့ကျောင်းသားတိုင်းကို Beats Solo2 headphone တွေပေးနေပါတယ်။
Beats Solo2 ကိုပုံမှန်ဝယ်မယ်ဆိုရင် ဈေးနှုန်းအားဖြင့် ကန်ဒေါ်လာ ၂၀၀ ရှိပါတယ်။ EPP ပရိုဂရမ် ဟာ ကျောင်းသားတွေတင်မကဘဲ ဆရာတွေလည်း အကျုံးဝင်တယ်လို့ သိရပါတယ်။
Apple ရဲ့ ထုတ်ပြန်ကြေညာချက်အရ အရောင်းမြှင့်တင်ရေးမှာ ပါတဲ့ပစ္စည်းတွေကတော့ “iMac, MacBook, MacBook Pro” တို့ပဲဖြစ်ပါတယ်။ ဒီအရောင်းမြှင့်တင်ရေးကို အမေရိကန်နဲ့ ကနေဒါတစ်ခွင်မှာ ဇူလိုင်လ ၂၄ရက်နေ့ကစလို့ စက်တင်ဘာ ၁၈ရက်နေ့အထိ ၀ယ်ယူရရှိနိုင်ကြပါတယ်။
( Skyler )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : The Verge
0 comments:
Post a Comment