Powered by Blogger.

စကြ၀ဠာအတွင်း ပုန်းအောင်းနေသော Black Hole သန်းပေါင်းများစွာရှိနေနိုင်




Black Hole တွေကို မြင်နိုင်တွေ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ဖုန်မှုန့် (သို့) ဂတ်စ် တွေနဲ့ပြည့်နှက်နေတဲ့ အလွှာထူထူကြီးတွေကြောင့် မှေးမှိန်နေပါတယ်။ ဒါပေမဲ့ နာဆာရဲ့ နျူကလီယ ရောင်စဉ်ကြည့်ဆိုင်ရာ အချက်အလက်တည်ဆောက်မှု (NuSTAR) အတွက်တော့ ကိစ္စမရှိပါဘူး။

မှေးမှိန်နေတဲ့ အလွှာတွေကတဆင့် Black Hole တွေကို ကြည့်မြင်နိုင်ကြောင်းနဲ့ ၄င်းတို့က ထုတ်လွှတ်တဲ့ စွမ်းအင်မြင့် X-ray တွေကဆင့် ကြည့်မြင်နိုင်ကြောင်းကို နာဆာ ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မကြာသေးမီက တိုင်းတာချက်တွေအရ ဂလက်ဆီအချို့ရဲ့ဗဟိုမှာ အလွန့်အလွန်သိပ်သည်းတဲ့ Black Hole ၅ခုကို တွေ့ရှိခဲ့ရပြီး စကြ၀ဠာအတွင်း Black Hole ပေါင်း သန်းနဲ့ချီ၍ရှိနိုင်တယ်လို့ နာဆာသုတေသီတွေက ယူဆကြပါတယ်။

“NuSTAR ရဲ့ကျေးဇူးနဲ့ ရှိနိုင်တယ်လို့ ယူဆထားတဲ့နေရာမှာ ဒီပုန်းအောင်းနေတဲ့ Black Hole မကောင်းဆိုးရွားကြီးတွေကို ကျွန်တော်တို့ ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း သုံးသပ်နိုင်ခဲ့ပါတယ်။ အရင်ကတော့ သူတို့ပတ်လည်မှာ တခြားအရာတွေ ထွေးပတ်ရောနှောနေခဲ့လို့ သေချာမသိနိုင်ခဲ့ဘူးလေ။” လို့ Durham တက္ကသိုလ်မှ George Lansbury က ရှင်းလင်းပြောကြားခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment