Powered by Blogger.

Sony ရဲ့ နောက်ဆုံးထုတ် Cyber-shot ကင်မရာ ၂ လုံးကို နိုင်ငံ အချို့မှာ အထူးဈေးနဲ့ ရောင်းချမည်




ကင်မရာ နဲ့ ပတ်သက်ရင် အမိုက်စား တွေပဲ ထုတ်လုပ်လေ့ရှိတဲ့ Sony ကုမ္မဏီက Cyber-shot ကင်မရာ ငယ်အသစ် ၂ မျိုးဖြစ်တဲ့ RX100 IV နဲ့ RX10 II တိုကို ထုတ်လုပ်ထားပါတယ်။ အကယ်၍ သင်ဟာ သြစတြေးလျ မှာ သို့မဟုတ် အာရှ နိုင်ငံ တစ်ချို့ မှာ နေထိုင်သူဆိုရင်တော့ ဒီလဟာ သင့်အတွက် အကောင်းဆုံး လ တစ်လ လို့ ဆိုနိုင်မှာပါ။

Sony ကုမ္မဏီ ဟာ သူတို့ရဲ့ နောက်ဆုံးထုတ် ကင်မရာ ငယ် ၂ ခုကို နိုင်ငံ တစ်ချို့မှာ အထူးဈေးနှုန်းနဲ့ ရောင်းချသွားဖို့ စီစဉ်နေပါတယ်။ အဲဒီနိုင်ငံတွေကတော့ သြစတြေးလျ ၊ နယူးဇီလန် ၊ စင်္ကာပူ ၊ မလေးရှား ၊ ထိုင်း ၊ ဗီယက်နမ် ၊ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ ဟောင်ကောင် နဲ့ ဖိလစ်ပိုင် တို့ပဲ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ ၀ယ်ယူမယ်ဆိုရင်တော့ RX100 IV ကို ၉၄၈ ဒေါ်လာ နဲ့ ရရှိနိုင်မှာ ဖြစ်ပြီး RX10 II ကိုတော့ ၁၂၉၈ ဒေါ်လာ နဲ့ ရရှိမှာ ဖြစ်ပါတယ်။

လျှော့ဈေးလို့ ပြောနေသည့်တိုင်အောင် ကင်မရာ ၂ လုံး စလုံး ရဲ့ ဈေးတွေက မြင့်မားလွန်းလှပါတယ်။ ဒါဆိုရင် တန်ဖိုးနဲ့ ထိုက်တန်တဲ့ အရည်အသွေးတွေတော့ ဒီ ကင်မရာ ၂ လုံးမှာ ရှိနေမှာပါ။ RX100 IV ရဲ့ ဈေးနှုန်းကတော့ အနည်းငယ် ပိုမို သက်သာပါတယ်။

ကင်မရာ ၂ လုံးစလုံးဟာ CMOS sensor ကို အသုံးပြုထားပြီး High Frame Rates ကို ရိုက်ကူးနိုင်မယ့် ကင်မရာတွေပဲ ဖြစ်ပါတယ်။ တစ် စက္ကန့်ကို Frame ပေါင်း ၉၆၀ အထိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ အနှေး ပြကွက် စလိုးမိုးရှင်း ရိုက်ချက်တွေအတွက်လည်း Mythbuster စတိုင်လ်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး ကင်မရာ ၂ ခုလုံးဟာ 4K ကြည်လင်ပြတ်သားမှု ရှိတဲ့ ဗီဒီယို တွေကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမြန်ဆုံး Frame နှုန်းထားမှာဆိုရင်လည်း ကင်မရာ ၂ ခုလုံးဟာ 1/32000 ရှိတဲ့ အမြင့်ဆုံး Shutter Speed ကို ပေးစွမ်းနိုင်ပါတယ်။ ကင်မရာ ၂ လုံးစလုံးဟာ လုပ်ဆောင်ချက်အများစုက တူညီကြပြီး အဓိက ကွာခြားချက်ကတော့ RX10 II ဟာ ၂၀၀ မီလီမီတာ f2.8 မှန်ဘီလူး ပါဝင်မှာဖြစ်ပြီး RX100 IV ကတော့ 24-70mm ရှိတဲ့ f1.8 to f2.8 မှန်ဘီလူး ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ကင်မရာ ၂ လုံးစလုံးဟာ 20Megapixels ကြည်လင်ပြတ်သားမှု ရှိတဲ့ ဓါတ်ပုံတွေကို ထုတ်လုပ်နိုင်ကြပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment