Powered by Blogger.

အမေရိကန် တွေ ထွင်လိုက်တဲ့ လေပေါ်ရှပ်ပြေး မော်တော်ဆိုင်ကယ်




အမေရိကန် တပ်မတော်သုတေသန (Army Research) က လေပေါ်ရှပ်ပြေးမော်တော်ဆိုင်ကယ်များ ဖြစ်ထွန်းတိုးတက်လာစေရေးအတွက် ကုမ္ပဏီနှစ်ခုကို အလုပ်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်စစ်တပ်က ဒီလေပေါ်ရှပ်ပြေး မော်တော်ဆိုင်ကယ်ကို ဗျူဟာမြောက်ကင်းထောက်ယာဉ်အဖြစ် အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။

“ဒီ လေပေါ်ရှပ်ပြေးမော်တော်ဆိုင်ကယ်က တောတွေ၊ တောင်တွေမှာ မောင်းဖို့မဟုတ်ပါဘူး။ ကန္တာရတွေ၊ ရွှံ့နွံတွေနဲ့ ရှုပ်ထွေးတဲ့မြေပြန့်နေရာတွေမှာ အသုံးပြုဖို့အတွက်ပါ။ မော်တော်ဆိုင်ကယ်ထက်လဲမြန်ပြီး မော်တော်ဆိုင်ကယ်တွေ နွံနစ်တဲ့နေရာမျိုးမှာလည်း မောင်းနှင်နိုင်မယ်ဆိုတာ စဉ်းစားကြည့်ပေါ့။” လို့ Enderle Group ရဲ့ ဥက္ကဌ Rob Enderle ကပြောခဲ့ပါတယ်။

ဒီလေပေါ်ရှပ်ပြေး မော်တော်ဆိုင်ကယ်ဟာ အမြင့်ပေ ၁၀၀၀၀ အထက်ပျံသန်းနိုင်ပြီး တစ်နာရီ ၁၇၀မိုင်နှုန်းနဲ့ မောင်းနှင်နိုင်မယ်လို့ဆိုပါတယ်။ ဒီဆိုင်ကယ်နဲ့ဆိုရင် မြေအနေအထားကို ဂရုစိုက်စရာမလိုဘဲ အထက်၊အောက် ဘေးဘယ်ညာ လိုအပ်သလို ရှောင်တိမ်းမောင်နှင်နိုင်မှာပါ။

ဓာတ်ဆီနဲ့မောင်းနှင်ရမှာဖြစ်ပြီး သိုလှောင်ကန်မှာ ဂါလံ ၃၀ ဆန့်ပါတယ်။ အပိုသိုလှောင်ကန်နဲ့ဆိုရင် ဂါလံ ၆၀ထိ ဆန့်မှာပါ။

မောင်းနှင်မယ့်လက်ကိုင်ကို ကာဗွန်ဖိုင်ဗာနဲ့ပြုလုပ်ထားပြီး ဂီယာအုံကတော့ 1:5:1 နဲ့လာပါတယ်။ ရှေ့နောက်အရှည် ၁၀ပေ၊ ဘေးဘက် ၄ပေအကျယ်နဲ့ ၂ပေအမြင့်ရှိပြီး ၂၃၀ပေါင် အလေးချိန်ရှိပါတယ်။



( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : TechNewsWorld

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment