Powered by Blogger.

လူမည်းတွေကို မျောက်ဝံတွေလို့ မှားယွင်းပြီး ခေါင်းစဉ်တပ်မိတဲ့အတွက် Google တောင်းပန်




ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Google ဟာ သတင်းအချက်အလက်တွေ စီမံခန့်ခွဲပေးတဲ့ ကမ္ဘာ့အကောင်းဆုံး ဖြေရှင်းဖော်ထုတ်နည်းစနစ်(Algorithm) တွေကို ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ Google ရဲ့ အကောင်းဆုံးပါဆိုတဲ့ နည်းပညာတွေဟာ အနည်းငယ် လွဲချော်မှုတွေဖြစ်စေခဲ့ပါတယ်။

Google ရဲ့မေလကမှ ဖန်တီးလိုက်တဲ့ app တစ်ခုဖြစ်တဲ့ Google Photo app ဟာ မိမိသိမ်းဆည်းထားတဲ့ ဓါတ်ပုံတွေကို ကဏ္ဍအလိုက်ခွဲခြားပြီး အလိုလျောက် ခေါင်းစဉ်တပ်ပေးပါတယ်။ Cars ၊ Beaches ၊ Bikes ၊ Graduation စတဲ့ ကဏ္ဍမျိုးတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူမည်း Web Developer တစ်ယောက်ဖြစ်သူ Jacky Alcine က တော့ Twitter မှာ ရေးသားခဲ့တာကတော့ Google Photo က သူနဲ့သူ့ရဲ့သူငယ်ချင်းတွေရဲ့ ပုံကို "Gorillas(မျောက်ဝံများ)" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ပေးလိုက်ပါသတဲ့။

ဒါဟာ ကွန်ပျုတာတွေရဲ့ လုပ်ဆောင်ချက်ပိုမိုကောင်းမွန်ဖို့နဲ့ လူသားတွေ ပုံမှန်လုပ်ဆောင်နေတာတွေကို ပရိုဂရမ်နဲ့ လုပ်ဆောင်နိုင်ဖို့စတဲ့ မျှော်လင့်ချက် ထားနေတဲ့ နည်းပညာ ကုမ္မဏီ ကြီးတွေအတွက် လက်ညှိုးထိုးပြစရာတစ်ခုဖြစ်ခဲ့ပါတယ်။ စက်ပစ္စည်းတွေရဲ့ သင်ကြားခြင်း နဲ့ ဥာဏ်ရည် အတုအပ(AI) တွေဟာ နည်းပညာကုမ္မဏီကြီးများ စုဝေးရာ Silicon Valley မှာ ရေပန်းအစားဆုံး နည်းပညာတွေလည်း ဖြစ်နေပါတယ်။

ထို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Google ကုမ္မဏီက Jacky Alcine ကို တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

အခုလို Algorithm ဒုက္ခပေးခြင်းကို ခံခဲ့ရတာဟာ Google က ပထမဆုံးမဟုတ်ပါဘူး။ မေလ တုန်းကပဲ Yahoo ကုမ္မဏီက Flickr ဆိုတဲ့ ဓါတ်ပုံ သိမ်းဆည်းရတဲ့ App တစ်ခုကို ဖန်တီးခဲ့ပြီး ထို app မှာလည်း ဓါတ်ပုံတွေကို အလိုလျောက် ကဏ္ဍခွဲတဲ့ စနစ်ပါဝင်လာပါတယ်။ အဲဒီတုန်းကလည်း လူမည်းတစ်ယောက်ကို "မျောက်ဝံ" လို့ ခေါင်းစဉ်တပ်ခဲ့ပြီး ကွန်ကရစ် ကမ့်ပ် တစ်ခုကိုလည်း "တောတွင်းအားကစားခန်းမ" လို့ခေါင်းစဉ်မှားတပ်ပေးခဲ့ဖူးပါတယ်။

မှားယွင်းပြီးခေါင်းစဉ်တပ်ခဲ့မိတဲ့အတွက် Google တောင်းပန်


( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment