Powered by Blogger.

အမြင့်ပေ ၁၁၀၀၀ ရေခဲတောင်များရှိသည့် ပလူတိုဂြိုလ်




ရေခဲကမ္ဘာမှ ကြိုဆိုပါတယ်။ ကျွန်တော်တို့ကြည့်မြင်ဖူးသမျှ ကြည်လင်ပြတ်သားမှု အရည်အသွေးထက် ၁၀ ဆမြင့်တဲ့ ပလူတိုဂြိုဟ်ဓာတ်ပုံတွေကို နာဆာက တင်ပြခဲ့ပါတယ်။

ပလူတိုဂြိုဟ်ကို အနီးကပ်ရိုက်ကူးခဲ့တဲ့ ကြည်လင်ပြတ်သားမှုမြင့် ဓာတ်ပုံတွေအရ ပလူတိုဂြိုဟ်မှာ အမြင့်ပေ ၁၁၀၀၀ရှိ ဧရာမရေခဲတောင်ကြီးတွေရှိပြီး ဘူမိဗေဒနည်းအရ လှုပ်ရှားမှုတွေရှိတယ်လို့ သိရပါတယ်။

ယင်းရေခဲတောင်များဟာ လွန်ခဲ့သော နှစ်သန်းပေါင်း ၁၀၀က ဖွဲ့စည်းဖြစ်တည်ခဲ့တယ်လို့တိုင်းတာရရှိပြီး ကျောက်တောင်များကဲ့သို့ပင် အလွန်ကြာရှည်စွာရပ်တည်နေနိုင်ကြတာကို သိပ္ပံပညာရှင်တွေက အံ့အားသင့်ခဲ့ရပါတယ်။

ဒါပေမဲ့ နှစ်သန်းပေါင်း ၁၀၀ဆိုတာ နှစ်သန်းထောင်ပေါင်း ၄ ဒဿမ ၅၆ ရှိတဲ့ နေအဖွဲ့အစည်းနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ သက်တမ်းသိပ်ကိုငယ်လွန်းအားကြီးပါတယ်။ ဒီရေခဲတောင်တွေဟာ ဆက်လက်ဖွဲ့စည်းကြဦးမယ့် အဆင့်မှာပဲ ရှိနေနိုင်တယ်လို့ နာဆာက ပြောပါတယ်။

“နှစ်သန်းထောင်ပေါင်း ၄ ဒဿမ ၅ နောက်ပိုင်း ဖြစ်စဉ်တွေကို ပြသနေတဲ့ အဆက်အသွယ်ပြတ်နေတဲ့ ဂြိုဟ်ငယ်လေးတစ်လုံးကို ကျွန်တော်တို့ အခုရရှိပါပြီ။ ၄င်းကနေ ဘူမိရူပဗေဒ ဆိုင်ရာလေ့လာချက် အများအပြားကိုလည်း ပေးပို့တော့မှာပါ။” လို့ New Horizon မှ စုံစမ်းလေ့လာရေးဥက္ကဌ Alan Stern ကပြောသွားခဲ့ပါတယ်။

“ဒါဟာ ကျွန်တော်တို့ တွေ့မြင်ဖူးသမျှ နေအဖွဲ့အစည်းထဲက သက်တမ်းအငယ်ဆုံး မျက်နှာပြင်တွေအနက် တစ်ခုပါ။” လို့ New Horizon မှ ဘူမိရူပဗေဒနှင့် ပုံရိပ်ရယူရေး အဖွဲ့ဝင် Jeff Moore ကပြောသွားပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment