Powered by Blogger.

Google Fiber က အများပြည်သူအိမ်များဆီ မြန်နှုန်းမြင့်အခမဲ့အင်တာနက် ပေးမည်




Google ရဲ့လက်ရှိနဲ့ အနာဂတ်ဈေးကွက်များတွင်ရှိတဲ့ အများပြည်သူအိမ်တွေဆီကို မြန်နှုန်းမြင့်အခမဲ့အင်တာနက် ၀န်ဆောင်မှုသို့ ရယူသုံစွဲခွင့်ကို ပေးသွားမှာဖြစ်တဲ့အကြောင်း သတင်းထုတ်ပြန်ပါတယ်။

ဒီလုပ်ဆောင်မှုကို အမေရိကန်အစိုးရ၊ အိုးအိမ်ဝန်ကြီးဌာန နဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးရဲ့ ConnectHome အစီအစဉ် တို့မှ ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး မြို့ကြီး ၂၇မြို့အား တန်ဖိုးနည်း (သို့) အခမဲ့ အင်တာနက်ဝန်ဆောင်မှုကို ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Google Fiber ၀န်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အခမဲ့အဆင့်အင်တာနက်ကို Google ကပေးပြီး ဖြစ်သော်လည်း တပ်ဆင်ခ ကန်ဒေါ်လာ ၃၀၀ကို ယခုလျှော့ပေါ့ပေးနေပြီဖြစ်ပါတယ်။

ယခုလက်ရှိအချိန်မှာ Google Fiberကို အောစတင်း၊ တက္ကဆက်၊ ကန်းဆက်စစ်တီး၊ မို့ အင်န် ပရိုဗို၊ ယူးတာ တို့မှာ အသုံးပြုနိုင်ပြီဖြစ်ပြီး အက်တလန်တာ၊ ချာလော့တီး၊ အက်စ်. စီ.၊ နာ့ရှ်ဗီလီ၊ ရယ်လင်ဒါဟန်၊ နယူးယော့ခ် စစ်တီး နဲ့ ဆော့လိတ်ခ် စစ်တီး တို့မှာ များမကြာမီ အသုံးပြုနိုင်တော့မှာပါ။

ပုံမှန်အားဖြင့်သာဆိုရင်၊ Google Fiber ရဲ့ အင်တာနက်ချည်းသက်သက်ကို တစ်လလျှင် ကန်ဒေါ်လာ ၇၀နဲ့ တီဗွီကြည့်တာပါတဲ့ အင်တာနက်ကို ကန်ဒေါ်လာ ၁၂၀ ပေးရပါတယ်။ ၀င်ငွေနည်းတဲ့အိမ်တွေအတွက် ကြိုးမဲ့အင်တာနက်ဆိုတာကို မတပ်ဆင်နိုင်ကြလို့ဆိုပြီး Google ကယခုလို ဆောင်ရွက်ပေးတာလို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref :
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment