Powered by Blogger.

ယောကျာင်္းမိန်းမ တန်းတူညီမျှရေးမှာပါဝင်လာတဲ့ Facebook




ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ဟာ သူ့ရဲ့ အမှတ်အသားနေရာတွေမှာ အမျိုးသမီး အမှတ်အသား ကို အရှေ့မှာထားခြင်းနဲ့ ယောကျာင်္း ၊ မိန်းမ တန်းတူညီမျှရေး တိုက်ပွဲမှာ ပါဝင်လာခဲ့ပါတယ်။

ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Caitlin Winner က ထိုသေးငယ်တဲ့ အမှတ်အသားကို  အမျိုးသမီးကောလိပ်မှာ ပညာသင်ကြားခဲ့တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ မိန်းမ၀ါဒီ အတွေးအခေါ်တွေကို ထင်ဟပ်စေမယ့် စိတ်ကူးနဲ့ ရေးဆွဲခဲ့တာဖြစ်ပါတယ်တဲ့။

Facebook ဟာ သူငယ်ချင်းတွေကို ကိုယ်စားပြုတဲ့ အမှတ်အသား "Friends Icon" မှာ အမျိုးသားတစ်ယောက်က အမျိုးသမီး တစ်ယောက် အရှေ့မှာ ရပ်နေတဲ့ အမှတ်အသား အစား အမျိုးသမီး တစ်ယောက် က အမျိုးသားတစ်ယောက်ရှေ့မှာ ရပ်နေတဲ့ အမှတ်အသားကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။

နောက်ထပ်အမှတ်အသားတစ်ခုကလည်း အမျိုးသား ၂ ယောက် နဲ့ အမျိုးသမီး တစ်ယောက်မှာ အမျိုးသား ၁ ယောက်က အရှေ့က ရပ်နေတဲ့ အမှတ်အသား အစား အမျိုးသား ၂ ယောက်ရှေ့မှာ အမျိုးသမီး တစ်ယောက်ရပ်နေတဲ့ အမှတ်အသား နဲ့ ပြောင်းလဲလိုက်ပြန်ပါတယ်။

ဒါ့အပြင် ထို အမှတ်အသားတွေထဲက အမျိုးသမီး အမှတ်အသား ရုပ်ပုံ မှာ ဆံပင်ကို စတားဝါး ဇာတ်လမ်းထဲက Darth Vadar ပုံစံ ဆံပင်ကြီးအစား ပိုပြီး ယုတ္တိ ရှိတဲ့ ပုံစံကိုပြောင်းလဲခဲ့ပါသေးတယ်။

ထို ယောကျာင်္း ၊ မိန်းမ တန်းတူညီမျှရေးကို Facebook ရဲ့ ပံ့ပိုးမှုဟာ အားလုံးသဘောကျ ချီးကျူးစရာတစ်ခုဖြစ်ခဲ့ပြီး Twitter သုံးစွဲသူ အများစုကလည်း Twitter မှာပါ Facebook ကို လေးစားကြောင်းတွေရေးသားလာကြပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment