Powered by Blogger.

မကြာမီအချိန်အတွင်း Facebook မှာ အတွေးတွေနဲ့ ခံစားချက်တွေကိုပါ ဝေမျှနိုင်တော့မည်




ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ Facebook ကို တည်ထောင်ခဲ့သူ Mark Zuckerberg က မကြာခင်မှာပဲ Facebook အသုံးပြုသူတွေဟာ ကိုယ်ပိုင်အတွေးတွေကို ပါတစ်ယောက်နဲ့ တစ်ယောက်ပေးပို့နိုင်တော့မှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

လုမှုကွန်ရက်ရဲ့ CEO ဖြစ်သူ Mark Zuckerberg က "တစ်နေ့မှာ ကျွန်ုပ်တို့ဟာ နည်းပညာကို အသုံးပြုပြီး အတွေးတွေအားလုံးကို တစ်ယောက်နဲ့ တစ်ယောက် တိုက်ရိုက် ပေးပို့နိုင်မယ်ဆိုတာ ကျွန်ုပ်ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။  "သင်တစ်ခုခုကို တွေးလိုက်တဲ့အခါမှာ သင့်ရဲ့ သူငယ်ချင်းတွေကလည်း အဲဒါကို ခံစားလို့ရနိုင်တော့မှာပါ သင်ဆန္ဒရှိမယ်ဆိုရင်ပေါ့" လို့လည်း သူက ဖြည့်စွက်ပြောကြားပါတယ်။

ဒါဟာ အံ့ဖွယ် ဆက်သွယ်ရေး တစ်ခုဖြစ်တယ်လို့လည်း သူကထည့်သွင်းပြောကြားခဲ့ပါတယ်။ သူ နောက်နေတာမဟုတ်ပါဘူး။ အားလုံးကို အတည်ပြောသွားတာပါ။

အတွေးတွေနဲ့ ခံစားချက်တွေကို ပေးပို့တယ်ဆိုတာဟာ စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်းတွေထဲမှာ မြင်တွေ့နေကြ အကြောင်းအရာ တစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအခြေအနေကို Mark Zuckerberg က " ကျွန်ုပ်တို့ဟာ စာသားတွေနဲ့ အတွေးတွေကို ဝေမျှခဲ့ ကြပါတယ်။ အခုနောက်ပိုင်းဆို ဓါတ်ပုံတွေနဲ့ပဲ အတွေးတွေကို ဝေမျှကြပါတယ်။ အနာဂတ်မှာဆိုရင်တော့ ဗီဒီယိုတွေနဲ့ပဲ ဝေမျှကြတော့မှာပါ။" လို့ Zuckerberg ကဆိုပါတယ်။

"ဒါပြီးရင်တော့ ကျွန်ုပ်တို့ဟာ ဖွံဖြိုးဆဲ နည်းပညာတစ်ခုဖြစ်တဲ့ ဖြစ်ရပ်မှန်နီးပါဖန်တီးမှုတွေဖြစ်တဲ့ Virtual Reality တွေကို သာ အသုံးပြုကြတော့မှာပါ။ အဲဒါပြီးရင်တော့ ကျွန်ုပ်တို့ဟာ အတွေးတွေနဲ့ခံစားချက်တွေကို ကျွန်ုပ်တို့ နှစ်သက်တဲ့သူနဲ့ မျှဝေခွင့်ရလာပါလိမ့်မယ်" လို့ သူက ပြောပါတယ်။

ကျွန်ုပ်တို့ရဲ့ တာဝန်ကတော့ အနာဂတ်ကို ဆက်သွားဖို့ပဲ ရှိပါတော့တယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment