Powered by Blogger.

၂ဆ ပိုမိုရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်ဆိုတဲ့ Huawei ရဲ့ Honor 7 ကို စတင်မိတ်ဆက်




တရုတ်နိုင်ငံက စမတ်ဖုန်းထုတ်လုပ်ရေး ကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Huawei ဟာ Honor စီးရီး စမတ်ဖုန်းတွေအတွက် မျှော်လင့်ချက်ကြီးကြီးထားနေပုံရပါတယ်။

ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ စတုထ္ထမြောက်အကြီးဆုံး ထုတ်လုပ်သူတွေဖြစ်တဲ့ Huawei ဟာ Honor 7 ဖုန်းကို ဘေဂျင်းမြို့က ပြပွဲတစ်ခုမှာ မိတ်ဆက်လိုက်ပြန်ပါပြီ။ ဒါ့အပြင် Huawei က Honor Band Zero လို့ခေါ်တဲ့ စမတ်နာရီ နဲ့ Honor Whistle လို့ခေါ်တဲ့ Bluetooth နားကျပ်တွေကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။

Huawei ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ အဓိက ထုတ်လုပ်သူ နေရာကို ရယူနိုင်ဖို့ကြိုးစားနေပြီး ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ Apple ၊ Samsung တို့နဲ့ မယှဉ်ပြိုင်ခင် Huawei ရဲ့ အဓိက ပြိုင်ဘက်ဖြစ်လာသူကတော့ Xiaomi ပါ။ Xiaomi က လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ ထုတ်လုပ်ထားတဲ့အတွက် အွန်လိုင်းရောင်းချမှုမှာ အံ့မခန်း အောင်မြင်မှုရနေပါတယ်။ 

ဒါပေမယ့်လည်း Huawei ကတော့ Honor စီးရီးဖုန်းတွေကို ယုံကြည်နေတုန်းပါ။ Huawei ကုမ္မဏီ ရဲ့ ပြောကြားချက်အရတော့ Honor 7 ကို ဒီနှစ်မှာ အလုံးရေ သန်း ၄၀ အထိ ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားပြီး ထို ပမာဏ ဟာ လွန်ခဲ့တဲ့ ၁ နှစ်က ရောင်းအား ရဲ့ ၂ ဆ ရှိနေပါတယ်။

အဂါင်္နေ့ကထုတ်ပြန်ခဲ့တဲ့ ကုမ္မဏီ ရဲ့ ဘဏ္ဍာငွေ စာရင်းတွေအရတော့ ၂၀၁၅ ခုနှစ် တစ်ဝက်မှာတင် နိုင်ငံပေါင်း ၇၀ ကျော်ကို Honor အမျိုးအစား ဖုန်းတွေ ဒေါ်လာ ၂.၆ ဘီလီယံ ဖိုးအထိ ရောင်းချနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုထပ်မံထုတ်လုပ်လိုက်တဲ့ Huawei ရဲ့ Honor 7 ဟာ သတ္တု ကိုယ်ထည်နဲ့တည်ဆောက်ထားပြီး ၅.၂ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင် နဲ့ octa-core processor ကို အသုံးပြုထားပါတယ်။ RAM ကတော့ 3GB ရှိပြီး 20 Megapixel ကင်မရာကို Sony Sensor ထည့်သွင်းအသုံးပြုထားပါတယ်။ အရှေ့ Selfie ကင်မရာဟာလည်း 8 Megapixel ရှိပြီး 3100 mAh ရှိတဲ့ ဘက်ထရီ နဲ့ Lollipop လို့ခေါ်တဲ့ Android 5.0 OS စနစ်ကို ထည့်သွင်းအသုံးပြုစေမှာဖြစ်ပါတယ်။ 

Apple ရဲ့ iPhone တွေနဲ့ Samsung ရဲ့ Galaxy S အမျိုးအစား ဖုန်းတွေလို Fingerprint Sensor ပါဝင်လာတဲ့ Honor 7 ဟာ တရုတ်ယွမ်ငွေ ၁၉၉၉ ယွမ် (သို့) ၃၂၃ ဒေါ်လာ နဲ့ စတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment