Powered by Blogger.

၂၀၁၅ ခုနှစ် တစ်ဝက် မှာ စမတ်ဖုန်း အလုံးရေ ၃၄.၇ သန်း တင်ပို့ရောင်းချပြီး ဖြစ်တဲ့ Xiaomi




တရုတ် စမတ်ဖုန်း ကုမ္မဏီ ကြီး တစ်ခုဖြစ်တဲ့ Xiaomi က ၂၀၁၅ ခုနှစ် တစ်ဝက် မှာ စမတ်ဖုန်း အလုံးရေ ၃၄.၇ သန်း တင်ပို့ရောင်းချပြီး ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီရလဒ်ဟာတော့ မနှစ်ကထက် ၃၃ ရာခိုင်နှုန်း ပိုများလာတာပဲ ဖြစ်ပါတယ်။ တရုတ် ဈေးကွက်မှာ ရောင်းအားကျလာတယ်ဆိုပေမယ့်လည်း အိန္ဒိယ နဲ့ အင်ဒိုနီးရှား တို့မှာတော့ Xiaomi က ဈေးကွက် စတင်ဖောက်ဝင်နေပြီဖြစ်ပါတယ်။

Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကတော့ ၂၀၁၅ ခုနှစ်မှာ စမတ်ဖုန်းအလုံးရေ သန်း၁၀၀ အထိ ရောင်းချဖို့ စီစဉ်ထားတယ်လို့ မနှစ်က ပြောခဲ့ပေမယ့်လည်း နှစ်တစ်ဝက် မှာ အလုံးရေ ၃၅ သန်းသာ ရောင်းချနိုင်သေးပြီး ဘရာဇီးလ် လို တောင်ကိုရီးယား နိုင်ငံ တစ်ခုရဲ့ ဈေးကွက်မှာလည်း ခြေချပြီးသားဖြစ်နေပါပြီ။

Xiaomi ရဲ့ ဈေးကွက်ဖြန့်ကျက်တဲ့နည်းဗျူဟာ ကတော့ အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပ နိုင်ငံအချို့ကို ရှောင်ပြီး အခြားနိုင်ငံငယ်တွေမှာ ဈေးသက်သာပြီး အရည်အသွေးမြင့် စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Redmi 2 ကိုပဲ အောင်မြင်အောင် ရောင်းချနေတာဖြစ်ပါတယ်။ 

အခြား တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေ မလုပ်နိုင်ခဲ့သလိုမျိုး ကမ္ဘာ့တန်ဖိုးအထိုက်တန်ဆုံး နဲ့ လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်း ရှိတဲ့ စမတ်ဖုန်းတွေကို အိန္ဒိယ မှာ ရအောင်ထိုးဖောက်ခဲ့တာကတော့ Xiaomi ရဲ့ နည်းဗျူဟာမြောက် အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Xiaomi ဟာ တန်ဖိုးနည်း စမတ်ဖုန်းဈေးကွက်တစ်ခုတည်းကိုပဲ အာရုံစိုက်ထားတာတော့မဟုတ်ပါဘူး။ အရည်အသွေးမြင့် စမတ်ဖုန်းတွေဖြစ်တဲ့ Mi Note နဲ့ Mi 4i တို့ကိုလည်း ပိုမိုရောင်းချနိုင်ဖို့ကြိုးစားနေပါသေးတယ်။ ဒီဖုန်း ၂ မျိုးလုံးရဲ့ ဈေးနှုန်းတွေဟာလည်း ကမ္ဘာ့လူသုံးအများဆုံး အရည်အသွေးမြင့် စမတ်ဖုန်းတွေထက် သက်သာနေပါသေးတယ်။

Xiaomi ရဲ့ ပြောကြားချက်အရတော့ သူတို့ဖုန်းတွေ ဈေးနည်းပြီး အရည်အသွေးမြင့်စွာ ရောင်းချနိုင်နေတာဟာ ကြားခံ ရောင်းချသူတွေကို ဖယ်ထုတ်ကာ သုံးစွဲသူကို တိုက်ရိုက်ရောင်းချတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Xiaomi ရဲ့ လက်ရှိရောင်းချပြီး စမတ်ဖုန်းအရေအတွက်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ Mi.com ဆိုတဲ့ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ကနေ ရောင်းချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment