Powered by Blogger.

iOS ကိရိယာတွေအတွက် ထုတ်လုပ်မယ့် Google Maps ဟာ Facebook မှာပါ တည်နေရာ ဝေမျှ နိုင်




iOS ကိရိယာ တွေအတွက် Google Maps မှာတော့ ကိုယ်ရောက်နေတဲ့ တည်နေရာကို ဘယ်အချိန်မဆို သူငယ်ချင်းတွေနဲ့ ဝေမျှ နိုင်မယ့် လုပ်ဆောင်ချက်အသစ်တွေပါဝင်လာပါတယ်။

iOS ကိရိယာတွေအတွက် Google Maps ဗားရှင်း 4.8.0 မှာတော့ Facebook နဲ့ Facebook Meseenger တို့မှာ တည်နေရာ ဝေမျှ နိုင်မယ့် လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ လူတွေကို Facebook Friends တွေ (သို့) လူမှုကွန်ရက် ရဲ့ မက်ဆေ့ဂ်ျ ပေးပို့တဲ့ App တစ်ခုဖြစ်တဲ့ Messenger မှာ သင့်တည်နေရာ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လည်း ဝေမျှ နိုင်တော့မှာ ဖြစ်ပါတယ်။

အခုလို Google Maps နဲ့ Facebook နဲ့ ပူးပေါင်းလိုက်တဲ့ လုပ်ဆောင်ချက်အသစ်ဟာ Facebook အသုံးပြုသူတွေကို Google ကိုပါ သုံးစွဲခွင့်ရနိုင်စေခဲ့ပါတယ်။ Facebook ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အသုံးပြုနေသူ ၁.၄ ဘီလီယံ ခန့်ရှိနေပြီး Messenger ၀န်ဆောင်မှုကတော့ နေ့စဉ်အသုံးပြုသူ သန်း ၇၀၀ ၀န်းကျင်ရှိနေပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အရင်တုန်းက iOS ကိရိယာတွေမှာ အသုံးပြုလို့မရနိုင်ခဲ့ပါဘူး။

Google Maps ဟာ Apple ရဲ့ App Store မှာ အခမဲ့ ရယူနိုင်မယ့် Application တစ်ခု ဖြစ်ပြီး ထို app ကတော့ မြေပုံအားလုံး နဲ့ လမ်းပြ ပေးတဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မယ့် App တစ်ခုပဲ ဖြစ်ပါတယ်။ Apple ဟာ ၂၀၁၂ မှာတုန်းက Google Maps ကိုဖယ်ရှားလိုက်ပြီး သူတို့ရဲ့ ကိုယ်ပိုင် မြေပုံပြ app ကို အသုံးပြုခဲ့ပြီး အခုမှာ Apple ကိရိယာတွေအတွက် ပြန်လည် ပူးပေါင်းထုတ်လုပ်တာဖြစ်ပါတယ်။

Apple Maps ကို ဘယ်လောက်ပဲ အဆင့်မြှင်တင်ခဲ့ တင်ခဲ့ Google Maps ကတော့ iPhone တွေနဲ့ iPad တွေအတွက် တော့ ပေါ်ပြူလာဖြစ်နေဆဲပါ။ လက်ရှိ Apple ရဲ့ iPhone App Store မှာတော့ Google Maps ဟာ အဆင့် ၁၁ နေရာမှာ ရှိနေသလို iPad တွေအတွက်တော့ အဆင့် ၂၈ နေရာမှာ ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment