Powered by Blogger.

Instagram မှာ HD အရည်အသွေး နဲ့ ဓါတ်ပုံတင်လို့ ရတော့မည်




သင်ဟာ ဓါတ်ပုံ ဝေမျှတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Instagram မှာ တစ်ခြား သူငယ်ချင်းတစ်ယောက် မနက်စာစားနေတဲ့ ဓါတ်ပုံကို ကြည့်ပြီး သူဘာတွေ စားနေတယ်ဆိုတာကို သဲသဲကွဲကွဲ မမြင်ရတဲ့ဘ၀ ကနေ ၀ဋ်ကျွတ်သွားပါပြီ။

အခု Instagram မှာ ဖော်ပြမယ့် ဓါတ်ပုံတွေရဲ့ အရည်အသွေးကို HD အရည်အသွေးထိ ကောင်းမွန်တဲ့ ကြည်လင်ပြတ်သားမှုတွေကို ရရှိနိုင်သွားပါပြီ။

Facebook ကုမ္မဏီ ကပိုင်ဆိုင်တဲ့ ဓါတ်ပုံဝေမျှတဲ့ App ဟာ ဒီနေ့ပဲ အတည်ပြုပြောကြားခဲ့တာကတော့ 1080 x 1080 ကြည်လင်ပြတ်သားမှုမျိုးရှိတဲ့ ဓါတ်ပုံတွေကို မကြာမီ အချိန်အတွင်းမှာ အသုံးပြုနိုင်တော့မယ်ဆိုတာပါပဲ။ ဘယ်နေ့မှာ စတင် အသုံးပြုနိုင်မယ်ဆိုတာကိုတော့ အတိအကျ ပြောပြထားခြင်းမရှိသေးပါဘူး။

Instagram ဟာ လက်ရှိမှာ အသုံးပြုသူ လစဉ် သန်း ၃၀၀ ခန့်အထိ ရှိနေပါတယ်။ ဒါပေမယ့်လည်း သုံးစွဲသူအားလုံးကတော့ သူတို့ တင်ချင်တဲ့ ဓါတ်ပုံတွေရဲ့ ဆိုက်ဇ် ကို 640 x 640 သာ ကြည်လင်ပြတ်သားမှုရှိတဲ့ ဓါတ်ပုံတွေ အဖြစ်ပြောင်းလဲ နေရခြင်းကို သဘောမကျကြပါဘူး။

မကြာမီ မှာ ပြောင်းလဲတော့မယ့် လုပ်ဆောင်ချက် အသစ်ကတော့ အသုံးပြုသူတွေအနေနဲ့ မိမိ တင်ချင်တဲ့ ဓါတ်ပုံကို Crop လုပ်စရာမလိုတော့သလို ကြည်လင်ပြတ်သားမှု တွေ မဆုံးရှုံးပဲ ဆက်လက် အသုံးပြုနိုင်တော့မှာပါ။

ဒါကြောင့် သင့်အနေနဲ့လည်း မကြာမီမှာ သင့်သူငယ်ချင်းတွေရဲ့ အားလပ်ရက် အပန်းဖြေခရီး ထွက်တဲ့ ဓါတ်ပုံတွေကို ပိုပြီး မနာလို ဖြစ်နေရတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်း Instagram ဓါတ်ပုံတွေဟာ HD အရည်အသွေးနဲ့ ဖြစ်လာတော့မှာ မို့လို့ပါ။
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment