Powered by Blogger.

iPhone ၊ iPad နဲ့ iPod တွေအတွက် Apple Music ကို ရယူသုံးစွဲနည်း




Apple ဟာ iPhone ၊ iPad နဲ့ iPod touch အသုံးပြုတွေအတွက် iOS 8.4 ကို ထုတ်လုပ်လိုက်ပါတယ်။

ဒီ update မှာတော့ လုပ်ဆောင်ချက် အသစ်တွေ ပါဝင်လာပြီး အားနည်းချက်အဟောင်းတွေကို ပြုပြင်ထားသလို ကုမ္မဏီရဲ့ ဂီတ Streaming ၀န်ဆောင်မှု တစ်ခုဖြစ်တဲ့ Apple Music ကိုလည်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ထို ၀န်ဆောင်မှု မှာတော့ သီချင်းအပုဒ်ရေပေါင်း သန်း၃၀ ကျော်ကို လူတစ်ဦးတည်းအတွက် တစ်လကို ၉.၉၉ ဒေါ်လာ ၊ လူဦးရေ ၆ ယောက်အထိ အသုံးပြုနိုင်မယ့် မိသားစု တစ်ခု အတွက် တစ်လကို ၁၄.၉၉ ဒေါ်လာ တို့ဖြင့် လစဉ်ကြေးပေးသွင်းပြီး အပုဒ်ရေအကန့်အသတ် မရှိ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် iOS 8.4 update မှာ အသစ်ပါဝင်လာတာ တစ်ခုကတော့ Beats 1 ရေဒီယို အသံလွှင့်ဌာန ပဲ ဖြစ်ပါတယ်။ ထို Beats 1 ကိုတော့ Apple ID ရှိသူတိုင်း အခမဲ့ နားဆင်လို့ရနိုင်မှာဖြစ်ပြီး Beats ဟာ မနက် ၉ နာရီကနေ ည ၁၂ နာရီထိ live ထုတ်လွှင့်တင်ဆက် နေမှာ ဖြစ်ပါတယ်။

အကယ်၍ သင်ဟာ သင့်ရဲ့ Apple ကိရိယာ ကို iOS 8.4 နဲ့ update လုပ်ပြီးတာတောင်မှ App Store မှာ Apple Music ကိုရှာမတွေ့ဘူးဆိုရင် Settings ထဲက General ထဲမှာရှိတဲ့ Software Update ကိုရွေးချယ်ပါ။ ပြီးရင် Download and Install ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။

ပြီးဆုံးသွားတဲ့အခါမှာတော့ သင့်ရဲ့ Home Screen မှာ အဖြူရောင် ဂီတ အမှတ်အသားပုံနဲ့ app လေးတစ်ခုပေါ်လာပါလိမ့်မယ်။  သင်ဟာ Apple Music ကို စတင် အသုံးပြုတဲ့အခါမှာတော့ ၃ လ Trial အသုံးပြုခွင့်ရမှာပါ။ သင်ဟာ Trial ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်တဲ့အခါ သင့်ကို Membership ပုံစံ မေးပါလိမ့်မယ်။ သင်ရွေးချယ်ပြီးတဲ့အခါမှာတော့ ရက် ၉၀ အတွင်း လစဉ်ကြေးပေးစရာမလိုပဲ Streaming ၀န်ဆောင်မှုတွေဖြစ်တဲ့ အကန့်အသတ်မရှိအပုဒ်ရေကျော်ချလိုက်တာမျိုးနဲ့ offline မှာ နားဆင်နိုင်ဖို့ သီချင်းတွေ Save လုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment