Powered by Blogger.

ဘရာဇီးလ် နိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ကို ခြေချလာတဲ့ Xiaomi




တရုတ် နိုင်ငံရဲ့ စမတ်ဖုန်း ဈေးကွက်ကို ထိပ်ဆုံးက ဦးဆောင်နေတဲ့ Xiaomi ဟာ အာရှကနေ့ ဖြန့်ကျက်ကာ ဘရာဇီးလ်မှာ Xiaomi စမတ်ဖုန်းတွေ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။

ဘရာဇီးလ်နိုင်ငံ ၊ ဆာအိုပေါ်လို မြို့ လူ ၁၀၀၀ လောက်ဆန့်တဲ့ ခန်းမကြီးမှာ ဘရာဇီးလ် စမတ်ဖုန်းဈေးကွက်ကို ၀င်ရောက် ရောင်းချတဲ့အကြောင်း Lauch Event ပြုလုပ်ရာမှာတော့ လူ အယောက် ၁၀၀ ခန့်က ခန်းမ အပြင်မှာ နေရာမရပဲ ဖြစ်နေသည်အထိ တက်ရောက်လာသူ တွေများပြားခဲ့ပါတယ်။ အားလုံးကလည်း စိတ်ဝင်စားနေခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Xiaomi ဟာ ဘရာဇီးလ်မှာ တစ်ခါမှ သူ့ရဲ့ ထုတ်ကုန်တွေ မရောင်းချခဲ့ဘူးလို့ပဲ ဖြစ်ပါတယ်။

"ဒီနေ့ဟာ ငါ့ဘ၀မှာ အကောင်းဆုံး နေ့ရက်တွေထဲက နေ့တစ်နေ့ပဲဖြစ်တယ်" လို့ Xiaomi ရဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဌာန ခေါင်းဆောင် Hugo Barra ကဆိုပါတယ်။

လက်ရှိ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေတဲ့ အမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်တဲ့ Xiaomi ဟာလွန်ခဲ့တဲ့ ၅ နှစ်ကမှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက် မှာ နံပါတ် ၁ နေရာ ရနိုင်ဖို့ ကြိုးစားလာပြန်ပါပြီ။

အခုတစ်ကြိမ် ဘရာဇီးလ် မှာ စတင်ရောင်းချခြင်းဟာလည်း Xiaomi အတွက် အာရှဈေးကွက်ရဲ့ ပြင်ပကို ပထမဆုံးခြေချ ခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီတစ်ကြိမ်ဟာ ကမ္ဘာအနှံ့ကိုထိုးဖောက်မယ့် Xiaomi ရဲ့ ပထမဆုံးခြေလှမ်းဆိုလည်း ဟုတ်ပါတယ်။

Xiaomi ဟာ ဘရာဇီးလ် စမတ်ဖုန်းဈေးကွက်ကို Redmi 2 နဲ့ ထိုးဖောက်မှာဖြစ်ပြီး ဇူလိုင် ၇ ရက်ကစတင်ပြီး ဘရာဇီးလ်ရီးရဲ ငွေ ၄၉၉ (သို့) ၁၆၀.၄ ဒေါ်လာနဲ့ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment