Powered by Blogger.

ရထားပေါ်တွင် iPhoneကို အားသွင်းပါက ဖမ်းဆီးခံရနိုင်




လန်ဒန်မြို့က မြေပေါ်ရထားတစ်စင်းပေါ်မှာ လိုက်ပါစီးနင်ခဲ့ပြီး iPhone ကို အားသွင်းခဲ့သော လူတစ်ဦးမှာ လျှပ်စစ်ခိုးသွယ်မှုဖြင့် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၄၅နှစ်အရွယ်ရှိ ပန်းချီပညာရှင် Robin Lee ဟာ Hackney Wick မှ Camden Road သို့ ရထားစီးသွားခဲ့ပြီး ၄င်းရထားပေါ်က ပလပ်ပေါက်တစ်ခုကို ဖုန်းအားသွင်းဖို့အတွက် အသုံးပြုခဲ့ပါတယ်။ Camden Road ကိုရောက်လို့ ရထားပေါ်ကဆင်းတော့ သူ့ကို တရားမ၀င် လျှပ်စစ်ခိုးယူတယ်ဆိုပြီး ရဲအရာရှိတစ်ဦးက ဖမ်းဆီးခဲ့ပါတယ်။

“ကျွန်တော် လျှပ်စစ်ခိုးယူသွယ်တန်းခဲ့တယ်လို့ သူမက ပြောတယ်။ ဒါဟာ ရာဇ၀တ်မှုပဲလို့ သူကဆက်တိုက်ပြောခဲ့တယ်။ စင်္ကြန်မှာရှိတဲ့ ရဲအရာရှိတချို့ကိုလည်း ခေါ်ပြီး ဒီလူက လျှပ်စစ်ခိုးယူသွယ်တန်း ခဲ့တယ်၊ သူ့ကိုဖမ်းဖို့လိုတယ်လို့လည်း ပြောခဲ့တယ်။” လို့ Robin Lee ကပြောပါတယ်။ Robin Lee ဟာ ထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့ ရဲအရာရှိတွေက စကားပြောဖို့လိုတယ်ဆိုပြီး ခေါ်ထားပါတယ်။

“ကျွန်တော်ပြောတာက၊ ရာဇ၀တ်မှုမို့လို့ ကျွန်တော့်ကိုဖမ်းချင်ရင်လဲဖမ်း၊ မဟုတ်ရင်လည်း သွားခွင့်ပြု။ ကျွန်တော် မရုန်းကန်ခဲ့ပါဘူး။ ရဲ လေးယောက်က ကျွန်တော့်ရှေ့ပိတ်ရပ်နေတဲ့အတွက် သူတို့ကို ဆုံးဖြတ်ချက်ချခိုင်းဖို့ ပြောခဲ့တာပါ။” လို့ Robin Lee ကပြောခဲ့ပါတယ်။

အဲ့ဒီ့နောက်တော့ Robin Lee ကိုလက်ထိပ်ခတ်ဖမ်းခဲ့ကြပြီး ဗန်ကားထဲထည့်ခေါ်သွားကြပါတယ်။ Islington အခြေစိုက် ဗြိတိန်ပို့ဆောင်ရေးရဲဌာနကိုပါ။ “ဒီအမှုက အဆန်းကြီး၊ သူတို့ ကျွန်တော့်ကို လုံးဝ မဖမ်းသင့်ခဲ့ဘူး။ လျှပ်စစ်ခိုးယူသွယ်တန်းတယ်ဆိုတာ လျှပ်စစ်ရင်းမြစ်တစ်ခုကနေ သူတို့အိမ်ကို ခိုးယူသွယ်တန်းမှပါ။ ကျွန်တော်က ကျွန်တော့်ရဲ့ iPhone လေးကို ၅မိနစ်လောက်ကြာကြာပဲ ပလပ်တပ်ခဲ့မိတာပါ။” လို့ Robin Lee ကပြောပါတယ်။

ရထားပေါ်မှာ iPhone ကိုပလပ်ထိုးရုံနဲ့ အမှုမြောက်ပါသလား။

ဟုတ်ကဲ့၊ အမှုမြောက်ပါတယ်။ သင့်တင့်တဲ့ ခွင့်ပြုမိန့်မရှိဘဲနဲ့ လျှပ်စစ်ဓာတ်အား ယူသုံးစွဲတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ သင့်ကို တရားစွဲနိုင်ပါတယ်။ ဘယ်ပလပ်ပေါက်ကို သင်အသုံးပြုခဲ့တယ်ဆိုတာ အရေးကြီးပါတယ်။ ရထားပေါ်က စားပွဲခုံဘေးမှာရှိတဲ့ ပလပ်ပေါက်ကို အသုံးပြုခဲ့တယ်ဆိုရင် သင့်မှာသုံးပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ သန့်ရှင်းရေးဝန်ထမ်းတွေ ဖုန်စုပ်စက်အသုံးပြုဖို့ ထားရှိတဲ့ အောက်ခြေက ပလပ်ကိုတော့ ခွင့်ပြုချက်ပါမှ အသုံးပြုနိုင်မှာပါ။ “Cleaners Only” ဆိုတာ အများပြည်သူအသုံးပြုရန် မဟုတ်လို့ပါပဲ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment