Powered by Blogger.

Facebook ဟာ Music Streaming ဈေးကွက်ကို ခြေချဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်ပေါ်




Facebook ဟာ လူမှု မီဒီယာ လောကမှာ ထိပ်ဆုံး ရောက်နေရုံနဲ့တင်မကျေနပ်နိုင်ပဲ Music Streaming စီးပွားရေးမှာ ပါဝင်ပတ်သက်လာဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

ဒီနောက်ဆုံး သတင်းကတော့ နည်းပညာ ကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Apple ဟာ Spotify Music Streaming ၀န်ဆောင်မှုကို ယှဉ်ပြိုင်ပြီး Apple Music ဆိုတဲ့ နာမည်နဲ့ Music Streaming ဈေးကွက်ထဲကို ၀င်ရောက်ပြီးတဲ့နောက်မှာမှ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Music Ally ဆိုတဲ့ သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ Mark Zuckerberg ဟာ သူ့ရဲ့ သန်းပေါင်းများစွာသော Facebook သုံးစွဲသူတွေကို Music Video တွေနဲ့ သိမ်းသွင်းပြီး Music Streaming ဈေးကွက်အတွင်း ထိုးဖောက် ၀င်ရောက် ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အရင်တုန်းကလည်း Facebook ဟာ အဆင်သင့် တည်ထောင်ပြီးသား ၀န်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ Instagram နဲ့ WhatsApp တို့ကို ၀ယ်ယူခဲ့သလိုပဲ အခုအချိန်မှာလည်း Music Streaming ၀န်ဆောင်မှု လုပ်ငန်းတွေက ပိုမို ကျယ်ပြန့်လာတဲ့အတွက် ဒီဈေးကွက်ထဲကို ခြေချဖို့ ကြိုးစားလာတာ ဖြစ်နိုင်ပါတယ်။

အခုလို Music Streaming ၀န်ဆောင်မှု တွေ အပြိုင်အဆိုင် ဖြစ်လာခြင်းက လစဉ်ကြေး ဈေးနှုန်းတွေ သက်သာလာဖို့ကိုပဲ မျှော်လင့်စရာရှိပါတော့တယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment