Powered by Blogger.

Marshall ကထုတ်လုပ်မယ့် ကမ္ဘာ့ အသံအကျယ်လောင်ဆုံး စမတ်ဖုန်း




ကမ္ဘာကျော် ရော့ခ် ဖျော်ဖြေပွဲတွေရဲ့ စင်မြင့်ထက်မှာဆိုရင် Marshall ဆိုတဲ့ အမှတ်တံဆိပ်နဲ့ Amplifier တွေဟာ အီလက်ထရစ် ဂစ်တာတွေနဲ့ တွဲဖက်ပြီးနေရာယူထားတာကို တွေ့ဖူးကြမှာပါ။ အခုတော့ လန်ဒန် အခြေစိုက် ဗြိတိန် ကုမ္မဏီ ဟာ သူတို့ရဲ့ ပထမ ဆုံး စမတ်ဖုန်းကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

ဂီတ ချစ်သူတွေကို အဓိက ရည်ရွယ်ပြီး ရောင်းချမယ့် ထို စမတ်ဖုန်းအသစ်ကို Marshall London ကုမ္မဏီက သူတို့ရဲ့ နာမည်ကြီး Amplifier အသွင်မျိုးနဲ့ပဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ နောက်ကျော ကတော့ အနက်ရောင်လယ်သာ နဲ့ အလှဆင်ထားပြီး အရှေ့ဘက်မှာတော့ စပီကာ ၂ ခု ပါဝင်မှာ ဖြစ်တယ်လို့ ကုမ္မဏီက ဆိုထားပြီး အခုထုတ်လုပ်မယ့် Marshall ကုမ္မဏီကတော့ ကမ္ဘာပေါ်မှာ အသံ အကျယ်လောင်ဆုံး မိုဘိုင်းလ် ဖုန်း ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် ဂီတ ချစ်သူတွေအတွက်ရည်ရွယ်ထားတဲ့အလျောက် စမတ်ဖုန်းရဲ့ ထိပ်ပိုင်းမှာ M ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး Music Player App ကို အလွယ်တကူ စတင်နိုင်မယ်လို့လည်း သိရပါတယ်။

မျက်နှာပြင်ကတော့ 720p သာ ကြည်လင်ပြတ်သားမှုရှိပေမယ့်လည်း ၄.၇ လက်မကျယ်ဝန်းတဲ့ HD မျက်နှာပြင်လို့တော့ ဆိုနိုင်မှာ ဖြစ်ပြီး 1.2GHz ရှိတဲ့ Quad-Core processor ကို အသုံးပြုထားပါတယ်။ RAM ကတော့ 2GB ရှိပြီး အတွင်း သိုလှောင်ပမာဏကတော့ 16GB အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာကတော့ 8 megapixel ရှိတဲ့ အနောက်ကင်မရာ တစ်လုံးသာ ပါဝင်မှာ ဖြစ်ပါတယ်။

ထို စမတ်ဖုန်းကတော့ Android ရဲ့ နောက်ဆုံးထုတ်ဗားရှင်းကို လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပြီး စတာလင်ပေါင်၃၉၉ အထိ ကျသင့်မယ်လို့လည်းသိရပါတယ်။ထိုဖုန်းကိုတော့ နောက်နှစ်ထဲမှာ ထုတ်လုပ်ရောင်းချသွားဖွယ်ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment