Powered by Blogger.

အပူချိန်လွန်ကဲရာကနေ မီးထပ်လောင်ပြန်တဲ့ Samsung Galaxy S4




အမျိုးသားတစ်ဦးဟာ အိပ်ရာက နိုးနိုးချင်းမှာပဲ ကြောက်စရာ ကောင်းလှတဲ့ အငွေ့ တလူတူ ကြားထဲကိုရောက်ရှိနေပြီး သူ တစ်ညလုံး အားသွင်းထားတဲ့ စမတ်ဖုန်းကနေ မီးလောင်မှု ဖြစ်ပွားနေတာကိုတွေ့ခဲ့ရပါတယ်။

အသက် ၅၇ နှစ်အရွယ် Alan Brown ဆိုသူ အမျိုးသားဟာ သူ့ရဲ့ နေအိမ် မှာ အသစ်တပ်ဆင်ထားတဲ့ မီးလောင်မှု အသိပေးစက် သာ မရှိခဲ့ရင် သူ့ရဲ့ Samsung Galaxy S4 စမတ်ဖုန်းရဲ့ မီးလောင်ကျွမ်းမှု ကြောင့် သူ့အနေနဲ့ အသက်တောင် မရှိနိုင်တော့ဘူးလို့ဆိုပါတယ်။

Barnsley မှာနေထိုင်တဲ့ Galaxy S4 ပိုင်ရှင် Brown ဟာ အိပ်ရာမ၀င်ခင်မှာ သူ့ရဲ့ အိပ်ရာဘေးက စားပွဲပေါ်မှာ အရင်ညတွေတုန်းက သူပြုလုပ်နေကြအတိုင်းပဲ သူ့ရဲ့ Galaxy S4 ဖုန်းကို အားသွင်းပြီး အိပ်ရာဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ မီးလောင်မှု အသိပေးစက် ရဲ့ မည်သံ ကြောင့်နိုးလာတဲ့အခါမှာတော့ သူ့အိပ်ခန်း တစ်ခုလုံး အငွေ့တွေ ပြည့်နေပြီး သူ့ အိပ်ရာ နံဘေးမှာ အားသွင်းထားတဲ့ စမတ်ဖုန်းကနေ မီးတောက်တွေ ဖြစ်ပေါ်နေတာကိုလည်း တွေ့ခဲ့ရပြန်ပါတယ်။

သူဟာချက်ချင်းပဲ ထိုဖုန်းကို ရေချိုးခန်းထဲ ယူသွားပြီး ဘေစင်ထဲမှာထည့်ကာ လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို ငြှိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ Brown ဟာ သူ့ရဲ့ ခွေးလေးဖြစ်သူ Lola နဲ့ ၂ ယောက်တည်း အိမ်မှာနေတာဖြစ်ပါတယ်။

"ဒါက တနင်္ဂနွေနေ့မနက်မှာ ဖြစ်ပွားခဲ့တာပါ။ မီးလောင်မှု အချက်ပြစက်က ထမည်တော့ ကျွန်တော်က နှိုးစက်မည်တာပဲထင်ခဲ့တာ။ မျက်စိဖွင့်လိုက်တော့မှာ အငွေ့တွေကို တွေ့ခဲ့တာပါ။ အိပ်ရာဘေးက စားပွဲခုံကို ကြည့်လိုက်တော့ ကျွန်တော်တွေ့သမျှ က ဖုန်းကနေထွက်နေတဲ့ မီးတောက်တွေပါပဲ။ ဒီဖုန်း ကျွန်တော့်ဆီမှာ ရောက်နေတာ ၁ နှစ်လောက်ရှိနေပါပြီ။ ပြီးတော့ ကျွန်တော် ညတိုင်းနီးပါးလည်း အားသွင်းထားပြီး မှ အိပ်တာပါ တစ်ချို့ကလေးတွေဆိုရင်ခေါင်းအုံးအောက်မှာပါ စမတ်ဖုန်းကိုထားပြီး အိပ်ကြပါတယ်။ အဲဒါဆို ဘာတွေဆက်ဖြစ်လာမလည်းလို့ Brown က ဆိုပါတယ်။

Samsung ရဲ့ Galaxy S4 ဟာမနှစ်က BBC သတင်းဌာနမှာ အပူချိန်လွန်ကဲတတ်တဲ့ ဖုန်းအဖြစ် သတ်မှတ်ဖော်ပြခြင်းကိုလည်း ခံခဲ့ရပြီးပါပြီ။ အခုဖြစ်ပွားတဲ့ ပြသနာအတွက်လည်း Samsung က Brown ကို ဖုန်းအသစ်တစ်လုံးနဲ့ အစားထိုးလဲလှယ်ခဲ့ပေးခဲ့ပေမယ့်လည်း ထို အစားထိုးပေးခဲ့တဲ့ ဖုန်းအတွက် ၀မ်းသာကျေနပ်ကြောင်းကိုတော့ လက်မှတ်ထိုးပေးလိုက်ရတယ်လို့ Brown က ဆိုပါတယ်။

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment