Powered by Blogger.

Nintendo ကုမ္မဏီ ဥက္ကဋ္ဌ Satoru Iwata အသက် ၅၅ နှစ်အရွယ်မှာ ကွယ်လွန်




ဂိမ်းလောကမှာ ဂန္တ၀င် ကုမ္မဏီ တစ်ခုဖြစ်ခဲ့တဲ့ Nintendo ရဲ့ ဥက္ကဋ္ဌ နဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Satoru Iwata ဟာ စနေနေ့ညကပဲ ကင်ဆာရောဂါ ကြောင့် အသက် ၅၅ နှစ်အရွယ်မှာ ကွယ်လွန်ဆုံးပါးသွားခဲ့တယ်လို့ ကုမ္မဏီက ကြေညာခဲ့ပါတယ်။

အသက် ၅၅ နှစ်အထိ ဂိမ်းလောကမှာ အောင်မြင်စွာ ရပ်တည်သွားနိုင်ခဲ့သူ Satoru Iwata ဟာ ၂၀၀၂ ခုနှစ်မှာ Wii ဂိမ်းစက် ၊ Nintendo DS handheld နဲ့ Amiibo interactive figurines တို့ကို ထုတ်လုပ်ခဲ့ပြီးတဲ့နောက် ကုမ္မဏီရဲ့ ဥက္ကဋ္ဌ တစ်ယောက် အဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မတ်လ တုန်းကလည်း Satoru Iwata ဟာ TIME မဂ္ဂဇင်းကို Nintendo ကုမ္မဏီ ရဲ့ စမတ်ဖုန်း ဂိမ်းဈေးကွက်ထဲ ခြေချတော့မယ့် စီမံကိန်းတွေအကြောင်း ပြောပြသွားပါသေးတယ်။

သူဟာ Nintendo ကုမ္မဏီရဲ့ အချိန်ကြာကြာ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်လာသူ Hiroshi Yamauchi ရဲ့နေရာကို အစားထိုး ၀င်ရောက်လာတာဖြစ်ပြီး ကုမ္မဏီ သမိုင်းမှာ လေးယောက်မြောက် ဥက္ကဋ္ဌ ဖြစ်လာကာ Yamauchi မိသားစု ရဲ့ ပြင်ပကနေတော့ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်လာသူပဲ ဖြစ်ပါတယ်။

Satoru Iwata ဟာ Nintendo ကုမ္မဏီ ကို စတင်ရောက်ရှိချိန်တုန်းကတော့ ပရိုဂရမ်မာတစ်ယောက် အနေနဲ့ ရောက်လာခဲ့တာ ဖြစ်ပြီး ၁၉၈၀ နောက်ပိုင်းကာလ တွေမှာ Balloon Fight နဲ့ EarthBound တို့လို အောင်မြင်ခဲ့တဲ့ ဂိမ်းတွေ ကို တီထွင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်မှာမှ Nintendo ကုမ္မဏီ ရဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်လာခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ဥက္ကဋ္ဌ စဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : TIME
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment