Powered by Blogger.

အရက်သောက်သုံးမှု ပမာဏ ကို စစ်ဆေးပေးပြီး စက်ဘီး သော့ဖွင့်ပေးမယ့် ALCOHOL-LOCK




မော်တော်ကား မောင်းနှင်သူတွေအတွက် အရက် သောက်သုံးထားရင် အန္တရာယ်များ နိုင်သလိုပဲ Safety Feature တွေမပါဝင်ရှာတဲ့ စက်ဘီးတွေမှာလည်း အရက်သောက်ထားရင် အန္တရာယ်များတတ်ပါတယ်။ ဒါကြောင့်မော်တော်ကားတွေလိုပဲ စက်ဘီးတွေမှာလည်း Alcohol Test လိုအပ်ပါတယ်။

ဂျပန်နည်းပညာကုမ္မဏီ တစ်ခုဖြစ်တဲ့ KOOWHO အမှတ်တံဆိပ်က ထုတ်လုပ်လိုက်တဲ့ Alcohol-Lock ဆိုတဲ့ အရက်သောက်သုံးထားမှု ကို စစ်ဆေးပေးမယ့် နည်းပညာမြင့် စက်ဘီးသော့တစ်မျိုး ထွက်ပေါ် လာပါတယ်။ ထို သော့ကတော့ အသက်ရှု စစ်ဆေးခြင်းနည်းပညာ Breathalyzer နဲ့ အဆင့်မြင့် စက်ဘီးသော့တစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

ဒီနည်းပညာဟာ ကားတွေမှာ တပ်ဆင်ထားဖို့လိုအပ်တဲ့ DUI ဆိုတဲ့ Lock နည်းပညာမျိုးနဲ့လည်း ဆင်တူ ပါတယ်။ အသုံးပြုကတော့ ဒီလိုပါ။

ဦးစွာထို စက်ဘီးသော့ကို စက်ဘီးမှာတပ်ဆင်ထားရပါတယ်။ ထိုသော့ကို ဖွင့်လိုက်တဲ့အခါ သော့ထည့် ပြီးရင် စက်ဘီးမောင်းနှင့်မယ့်သူဟာ သော့ရဲ့ ဘေးဖက်မှာ ပါရှိတဲ့ Breathalyzer ထဲကို အသက်ရှုထုတ် ရမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာတော့ သင် အသက်ရှု မှုထဲမှာ ယမကာ သောက်သုံးထားတဲ့ ပမာဏ ကို စစ်ဆေးမှာဖြစ်ပါတယ်။ စက်ဘီးနင်းတဲ့သူတွေမှာလည်း ကျန်းမာရေး နဲ့ ရာသီဥတု အခြေအနေအရ ယမကာ သောက်သုံးခွင့်ရှိတဲ့ ပမာဏတော့ရှိပါတယ်။ ထို ပမာဏ ကို ကျော်သွားရင်တော့ ထို စက်ဘီးသော့ ဟာ လုံးဝ Lock ဖွင့်ပေးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သတ်မှတ်ထားတဲ့ သင့်ရဲ့ မိသားစု ၀င် (သို့) သူငယ်ချင်းတွေရဲ့ ဖုန်းတွေထဲကို မက်ဆေ့ဂ်ျ ပေးပို့ပြီး သင် အခြေအနေမကောင်းတဲ့ အကြောင်း သတိပေးမှာ ဖြစ်ပါတယ်။ ထို မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေမှာတော့ ထို သော့ကို ဖွင့်ခွင့်ပေး မပေး ရွေးချယ်ခွင့်ရှိမှာ ဖြစ်ပါတယ်။

ဒီ စက်ဘီးသော့ကို အသုံးပြုဖို့ အတွက်တော့ မိုဘိုင်းလ် App တစ်ခုလိုပါတယ်။ သင်သတ်မှတ်ထားတဲ့ သူငယ်ချင်းတွေဆီမှာလည်း ထို မိုဘိုင်းလ် App ရှိဖို့လိုပါတယ်။ စက်ဘီးသော့နဲ့ ဖုန်းနဲ့ကို Bluetooth ကနေ တစ်ဆင့် ချိတ်ဆက်ပြီးတော့မှ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စက်ဘီးသော့ မှာ ဘက်ထရီ သက်တမ်း ရှိပါတယ်။ ဘက်ထရီ သက်တမ်းဟာ အကြိမ် ၄၀ တိတိ အသက်ရှု စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်း  ကတော့ ဒေါ်လာ ၂၅၀ ပဲဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment